|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အမျိုးသားစာပေဆုရ စာရေးသူက ဤစာအုပ်တွင် သူ၏ ရသဆောင်းပါး ၁၉ ပုဒ်ကို စုစည်းတင်ပြထားသည်။ ပလေတိုနှင့် ကျွန်တော်၊ ကျွန်တော် စက္ကူလှေသူကြီး၊ ထူး၊ လက်ယက်တွင်းကလေး၊ သစ္စာမှန်နှင့် ချေပျံ၊ ကန်ထဲက ငါးများ၊ ပဉ္စတန္တရနှင့် လီယာမင်းကြီး၊ ရေချိန်၊ ဗိုင်းတောင့် ကျွန်တော်နှင့် ရင်ခုန်သံ၊ သိန်းဃိုပြည်နှင့် ဂွမ်းရုပ်ကလေးများ၊ ဗောင်ဗောင်နှင့် လှေကား၊ ခေတ်နီတိကလေးများ၊ ရာဇဝင်၌ ဝင်စားခြင်း၊ ချိန်ခွင်ကိုင်သော လက်၊ အိုဘယ့်စာပြင်ဆရာ၊ ဂိတ်တံခါး၊ ပိုးဖဲနီယွန်၊ ပန်းကနုတ်နှင့် တေးသံစည်းချက်ကြားက အနှေးရထားကလေး၊ ပုံပြင်များနှင့် ကစားခြင်း၊ ကျွန်ုပ်နှင့် ကစားဖော်များ အစရှိသည့် ဆောင်းပါးများဖြစ်ကြသည်။ ဆရာမြသန်းတင့်က အမှာစာတွင် “ကြည်နိုင်၏ ရသစာတမ်းများက ကိုင်တွယ်သော အကြောင်းအရာများသည် ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်၊ သို့သော သူ့ပြောပုံပြောနည်းသည် ပုဂ္ဂလိကဆန်သည်။ သူ့စာတမ်းများက ပေးသော ရသမှာ ပီတိဖြစ်သည်။ ယင်းကိုထောက်၍ ကြည်နိုင်ကို ရသစာတမ်းဆရာဟု ခေါ်ချင်ပါသည်”ဟု သူ့အမြင်ကို ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|