|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မဇ္ဈိမမှ မြတ်ဗုဒ္ဓ၏ ဓမ္မအလင်းရောင် (The Light of Buddha's Dhamma In The Majjhima) (အင်္ဂလိပ် + မြန်မာ)
-
-
Author(s):
ဦးမြတ်သူ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 153
- Binding: Paperback
- Publication Month Year: Jun-2009
- Size: 13 cm x 21 cm
|
- Description: ပိဋကတ်တော်လာ ဗုဒ္ဓဝါဒအနှစ်ချုပ်များနှင့် သိကောင်းစရာများကို ပိဋကတ်မြန်မာကျမ်းများကို မှီးကား အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားခြင်းဖြစ်သည်။ မြတ်စွာဘုရား ပွင့်တော်မူစဉ် ကာလက တိတ္ထိ တက္ကတွန်းစသော အခြားအယူဝါဒ အသီးသီး ထူထောင်သူ ဂိုဏ်းဆရာကြီးများ သြဇာ အရှိန်အဝါ လွှမ်းမိုးထားခဲ့ပုံများနှင့် သူတို့၏ အယူဝါဒအကြောင်း၊ အယူမှားနေသူ ပသေနဒီ ကောသလမင်းကြီးသည် ဗုဒ္ဓအယူ့ဝါဒဆိုင်ရာများ ပတ်သက်၍ မြတ်စွာဘုရားအား မေးမြန်းလျှောက်တင်ပုံ၊ မြတ်စွာဘုရားသတ်မှတ်တော်မူသော သာမဏ ဗြာဟ္မဏ၊ ရသေ့ရဟန်းများနှင့် စင်ကြယ်မှုအကြောင်းတို့ကို အပိုင်း ၁ တွင်လည်းကောင်း၊ မြတ်စွာဘုရားကို ရည်စူး၍ သတ္တဝါကို သတ်ခြင်း ပြုလုပ်စေသလော၊ နှစ်ဖက်အစွန်းကို လက်ခံသလော၊ ကံ အားလုံးကို မပြုရဟု ပညတ်သလော၊ ပြုသော ကံကြောင့် နောင်ဘဝ၌ ဘာဖြစ်မည်ကို ကြိုတင်ဟောသလောအပါအဝင် မေးခွန်း ၁၂ ခုအကြောင်းကို အပိုင်း ၂ တွင်လည်းကောင်း၊ ဆင်းရဲခြင်းဆိုသည်မှာ အဘယ်နည်း၊ တရားအားလုံးသည် အဘယ်မှာ အခြေခံသနည်း၊ ရဟန်းတို့အား ကြိုတင် မှာကြားအပ်သောတရားများ အစရှိသည့် အကြောင်းအရာများကို အပိုင်း ၃ တွင်လည်းကောင်း၊ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော် အထောက်အပံ့များ၊ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုသူများကို ကောင်းစွာ ဟောကြားဆုံးမနိုင်ပုံ၊ အချိန်တိုင်း၌ တရားစကားဖြစ်ပေါ်စေပုံ၊ မြတ်သောပညာရှိဟူသည့် ပညတ်ချက်၊ ခပ်သိမ်းသော သတ္တဝါများအပေါ် ကောင်းစွာတရားဟောတော်မူခဲ့ပုံများကို အပိုင်း ၄ တွင်လည်းကောင်း ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|