|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ရာသက်ပန် ဥပုသ် ဆောက်တည်ကျင့်ကြံခဲ့သူ စာရေးသူသည် လည်ချောင်းကင်ဆာဟူသော သေမိန့်ကို ရင်ဆိုင် ကြုံတွေ့နေရစဉ်ကာလတွင်းမှာပင် ဥပုသ်မဖျက်သလို အပြုံးမပျက်ဘဲ မရဏတရားကို ရဲရဲရင်ဆိုင်ခဲ့သည်။ ကြားကာလတွင်လည်း ဘာသာရေးနှင့် လူမှုရေး ပရဟိတလုပ်ငန်းများကို တတ်နိုင်စွမ်းသရွေ့ လုပ်ဆောင်ခဲ့သည်။ သူတွေ့ကြုံခံစားခဲ့ရသည့် ကင်ဆာဝေဒနာဆိုးကြီးအကြောင်းကို Bi-Weekly Eleven ဂျာနယ်တွင် ရင်ဖွင့်ရေးသားခဲ့ရာ ဤစာအုပ်ပါဆောင်းပါးများမှာ ဂျာနယ်ပါ ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ “သေမိန့်”ဟူသော ကင်ဆာဝေဒနာဆိုးကြီးကို ရင်မှာပိုက်ပြီး စာရေးသူသည် သူ့အတွေး၊ သူ့အရေး၊ သူ့ဆုံးဖြတ်ချက်၊ သူ့သဘောထား (ကင်ဆာ)၊ သူအားကိုးရာ (ဘုရား၊ တရား၊ သံဃာ)၊ သူ့ရပ်တည်မှု (သေခြင်း)၊ သူ့ဆန္ဒ (မဟာပရိတ္တစေတီတည်ခြင်း)ဆိုသည့် အရာများကို ဆောင်းပါးများတွင် ဖော်ပြထားသည်ကို ဖတ်ရှုရမည်ဖြစ်သည်။ ဝေဒနာခံစားနေရစဉ် ရေးသားခဲ့သည့် ကဗျာတစ်ပုဒ်ကို စာမြည်းရန်တွင် ဖတ်ရှုနိုင်ပါသည်။ စာရေးသူသည် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေးတို့မှ ဖွားမြင်ခဲ့သော သားကြီးဖြစ်ပြီး အဆိုပါကင်ဆာရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|