|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြန်မာ့မဂ္ဂဇင်းလောကတွင် ထင်ရှားအောင်မြင်ခဲ့ပြီး စာရေးဆရာ ကောင်းညွန့်နှင့် ရင်းနှီးခဲ့သော ပန်းချီဆရာများအကြောင်းကို ပြုစုထားသော စာအုပ်ဖြစ်သည်။
မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာများဖြစ်ကြသော အုန်းလွင်၊ ဘကြည်၊ ဘရင်ကလေး၊ ဘလုံလေး၊ ဗဂျီအောင်စိုး၊ ပန်းချီမောင်ငွေထွန်း၊ မောင်စိန်၊ သောင်းဟန်၊ သန်းအောင်၊
မောင်ကျော်၊ စံတိုး၊ တင်လှဝင်းထင်၊ ညိုလှ၊ မျိုးညွန့် (မောင်ဒီ)၊ အောင်သန်းသစ်၊ ဝသုန်၊ ကျော်သောင်း၊ မောင်မောင်သိုက်၊ ပန်းချီကိုဇော်ဝင်း (KMD)၊ ပန်းချီကိုခင်သိန်း၊ တင်မောင်မျင့်၊ မောင်ဖေသဏ်း၊ မောင်ကျော်ညွန့်၊ ဇော်မင်း၊ မျိုးမြင့်၊ တဂိုးမျိုး၊ ဝေမွန်လင်း၊ ဝင်းမော်ဟန်၊ မြင့်မောင်ကျော်၊ ပိုပိုစသော ပန်းချီဆရာ (၃၀) ၏ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီအကြောင်း ပါရှိသည်။ ၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ စာရေးဆရာဦးကောင်းညွန့် မဂ္ဂဇင်းအယ်ဒီတာဘဝတွင် မြဝတီမဂ္ဂဇင်း၌လစဉ် အခန်းဆက်ရေးခဲ့သော ဆောင်းပါး များကိုပထမအကြိမ်အဖြစ်တစုတစဉ်းတည်း ပေါင်း၍ ထုတ်ဝေခြင်းဖြစ်သည်။ ပန်းချီဆရာများ၏ အကြောင်းအရာများအပြင် ပန်းချီဆရာများ ရေးဆွဲခဲ့သော ပန်းချီလက်ရာများကိုပါ ကာလာစာမျက်နှာ၊ စာမျက်နှာအချောဖြင့် ထည့်သွင်းဖော်ပြထားသည်။ ပန်းချီဆရာများ၏ ဓာတ်ပုံများ၊ ရေးချက်များနှင့် အကိုးအကားပြုနိုင်စရာ အကြောင်းအရာများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ပန်းချီဝါသနာပညာရှင်များ၊ ဝါသနာရှင်များနှင့် သုတေသနစာတမ်းပြုစုနေသူများ လေ့လာကိုးကားနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|