|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- အရှက်တကွဲ အကျိုးနည်း
-
-
Author(s):
သက်ဆွေ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 284
- Binding: Paperback
- Publication Month Year: 2021
- Size: 15 cm x 22 cm
|
- Description: ဗြိတိသျှ တပ်မတော်အရာရှိ Terence Blackburn ရေးသားသည့် The British Humiliation of Burma စာအုပ်ကို ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရသက်ဆွေ (ငြိမ်း) က ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာရေးသူသည် ပြတိုက်တစ်ခုရှိ မြန်မာနိုင်ငံက သိမ်းယူလာတဲ့ နန်းစဉ်ရတနာများကို တွေ့ရာကနေ စိတ်ဝင်စားပြီး ရေဆုံး မြေဆုံး လေ့လာရာကနေ ဤစာအုပ်ကို ရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ စာအုပ်ကိုရေးသားနိုင်ဖို့အတွက် ပြတိုက်ပေါင်းစုံကို လေ့လာရေး သွားခဲ့ရသလို (၁၉) ရာစု ဗြိတိသျှအစိုးရမှတ်တမ်းများ၊ လွှတ်တော်မှတ်တမ်းတွေ၊ ကိုလိုနီခေတ်အရာရှိကြီးတွေရဲ့ စာပေးစာယူများကို အချိန်ယူလေ့လာခဲ့သည်ဟု ဆိုသည်။ ယခုစာအုပ်ကို ဖတ်မည်ဆိုပါက မြန်မာ့သမိုင်းနှင့် ပတ်သက်၍ စာဖတ်သူများ ယခင်သိထားသည်များကို ခေတ္တမေ့ထားရန်လိုသည်ဟု ဆိုသည်။ စာအုပ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ဖို့အတွက် ဗြိတိသျှအစိုးရ၊ လွှတ်တောသာမက စီးပွားရေးလုပ်ငန်းရှင်များ ပရိယာယ်မျိုးစုံနှင့် ဆောင်ရွက်ခဲ့သည်များ၊ မြန်မာဘုရင်နှင့် မှူးမတ်များ၏ နိုင်ငံတကာ ဗဟုသုတ နည်းပါးမှုနှင့် ကိုယ့်ကိုကိုယ်အထင်ကြီးမှုများကြောင့် ဒုက္ခရောက်ခဲ့ရပုံ၊ ကိုယ်ကိုကိုယ်ထင်တစ်လုံးဖြစ်နေပေမယ့် အင်္ဂလိပ်တွေအမြင်မှာ တုံးတုံးအအဖြစ်နေခဲ့ပုံ၊ ပြည်ပရန်နဲ့ ရင်ဆိုင်နေရချိန်မှာတောင် အချင်းချင်းသွေးကွဲလို့မပြီးနိုင်ဖြစ်နေပုံများကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။ ထို့ပြင် အင်္ဂလိပ် - မြန်မာစစ်ပွဲ သုံးကြိမ်နဲ့ပတ်သက်ပြီး သုံးသပ်ရာမှာ ပထမစစ်ပွဲ က မြန်မာဘုရင်က ကိုယ့်ကိုကိုယ်အထင်ကြီးပြီး မောက်မာလို့ဖြစ်ရပုံ၊ ဒုတိယစစ်ပွဲက အင်္ဂလိပ်ဘက်က စစ်မဖြစ်ဖြစ်အောင် ရန်စခြင်းဖြစ်ပုံ၊ တတိယစစ်ပွဲကတော့ မြန်မာဘုရင်နှင့် မှူးမတ်များအားနည်းလွန်းလို့ စစ်ပွဲလို့တောင်မခေါ်သင့်တဲ့ စစ်ပွဲလို့သုံးသပ်နိုင်ပုံ၊ ပါတော်မူတဲ့နေ့က မန္တလေးနန်းတွင်းထဲကနေ ပျောက်ဆုံးသွားတဲ့ ပတ္တမြားငမောက် အပါအဝင် နန်းစဉ်ရတနာတွေနဲ့ပတ်သက်ပြီး မြန်မာ့နန်းတွင်းပစ္စည်းများအကြောင်းတို့ကိုပါ ထည့်သွင်း ရေးသားထားသည်။ ဘာသာပြန်ဆိုသူက သူ၏အမှာစာမှာ “သင်ခန်းစာ မဖော်ထုတ်နိုင် လောက်အောင်ပင် “အ” လွန်းသူတို့အတွက် သမိုင်းက ထပ်ကာ ထပ်ကာ လည်ပတ် နေလိမ့်ဦးမည်သာဖြစ်သည်။” လို့ ဆိုထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် (သုတ)ဆု) ကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|