|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မဟာမုနိ ရုပ်ပွားဆင်းတုတော်ကြီးသည် မြန်မာပြည်၌ ရှေးအလွန်ကျသော နိမ္မိတရုပ်ပွားတော်ဖြစ်သည်။ ဟာမုနိရုပ်ပွားတော်၏ ဂုဏ်သတင်းကြောင့် ခေတ်ကာလများစွာကပင် ပင့်ဆောင်
ကိုးကွယ်လိုသော ဆန္ဒဖြင့် သီရိခေတ္တရာ၊ ပုဂံ၊ ဟံသာဝတီ၊ ပဲခူးမင်းများသည် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ချေ။ ဗဒုံမင်းလက်ထက်မှသာ ရခိုင်ပြည်မှ အမရပူရသို့ ရေလမ်း ကုန်းလမ်းဖြင့် ၄ လတိုင်ကြာ ပင့်ဆောင်နိုင်ခဲ့ပြီး နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ မဟာမုနိရုပ်ရှင်တော်မြတ်သည် မန္တလေးသို့ ရောက်သူတိုင်း ဝင်ရောက်ဖူးမြှော်ရာ ဘုရားစေတီတစ်ဆူ ဖြစ်သည်။ ယခုစာအုပ်သည် ကိုလိုနီခေတ်ဖြစ်သည့် ၁၉၁၁ ခုနှစ်မှ စ‚တင်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေးခါနီးအချိန်ကာလဖြစ်သည့် ၁၉၄၇ ခုနှစ်အထိ သတင်းစာများတွင် ဖော်ပြခဲ့သည့် မဟာမုနိစေတီတော်ကြီးနှင့် ပတ်သက်သည့် သတင်းများကို စုစည်းပေးထားခြင်း ဖြစ်သည်။ မဟာမုနိရုပ်ရှင်တော်နှင့် တိုက်ရိုက်ပတ်သက်သော သတင်းများအပြင် ဘုရားပရိ၀ုဏ်အတွင်း ဆောင်ရွက်ခဲ့သော သမိုင်းဝင် အခမ်းအနားများ၊ ဂေါပကအဖွဲ့ အပါအဝင် ဘုရားနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုချက်များကို ထိုခေတ်ထိုအခါ အရေးအသားဖော်ပြချက်အတိုင်း မှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|