|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မဟာဗုဒ္ဓဝင်ကျမ်းညွှန်း
-
-
Author(s):
အရှင်အဂ္ဂသာရ (ဓမ္မာစရိယ၊ ဘီအေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 388
- Binding: Paperback
- Publication Month Year: Sep-2010
- Size: 13 cm x 19 cm
|
- Description: အတွဲအားဖြင့် ၆ တွဲ၊ အုပ်ရေအားဖြင့် ၈ အုပ်ထိရှိသော ဗုဒ္ဓသာသနာ မဟာဗုဒ္ဓဝင်ကျမ်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ ဖွားဖက်တော် ကျမ်းတစ်ဆူဖြစ်သည်။ ကျမ်းပြုသူ မင်းကွန်းဆရာတော်သည် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်ကာ အဖွင့်အဋ္ဌကထာ ဋီကာကျမ်းများကိုလည်း ထုံးလိုခြေ ရေလိုနှောက်ခဲ့သူ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ပုဂ္ဂိုလ်မြတ်ဖြစ်သည့် အားလျော်စွာ ဆရာတော်၏ မဟာဗုဒ္ဓဝင်ကျမ်းပါ အချက်အလက်များမှာ စေ့ငကုံလုံ ပြည့်စုံလှသည်ကို တွေ့ရမည်ဖြစ်သည်။ မင်းသားဘဝ၊ တောထွက်တရားကျင့်၍ သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိတော်မူပြီးနောက် ၄၅ ဝါ ပတ်လုံး ကြွရောက်သီတင်းသုံး ဝါကပ်ဆိုရာ အရပ်ဒေသ ကျောင်းတော်ကြီးများ၊ ချေချွတ်ပေးခဲ့ရသည့် ဗြဟ္မာ နတ် လူ သုံးဘုံသူ ဝေနေယျများ၊ နောက်ဆုံး ပရိနိဗ္ဗာန်စံတော်မူသည်အထိနှင့် ဧတဒဂ်ရ တပည့်သာဝက ထေရာ, ထေရီ, ဥပါသကာ, ဥပါသိကာတို့အကြောင်းကို အပ်ကျသည်မျှ မကျန်ရအောင် ရေးသားပြုစုထားသည်။ ဆရာတော်၏ ဗုဒ္ဓဝင်စာအုပ်သည် ကျယ်ပြန့်လှသလို အတွဲများလည်းများပြား၊ အကြောင်းအရာလည်း စုံလင်လှရာ မိမိသိလိုသော အကြောင်းအရာကို ရှာလိုပါက များစွာ အချိန်ပေးရသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထိုအခက်အခဲကို ပြေလည်နိုင်စေရန်အတွက် အရှင်အဂ္ဂသာရ (ဓမ္မာစရိယ, ဘီအေ)က က မင်းကွန်းဗုဒ္ဓဝင်စာအုပ်ပါ အကြောင်းအရာများ၏ ကျမ်းညွှန်းစာအုပ်အဖြစ် ဤစာအုပ်ကို ပြုစုပေးထားခြင်းဖြစ်သည်။ မင်းကွန်းဗုဒ္ဓဝင်စာအုပ်ပါ အကြောင်းအရာများကို အက္ခရာစဉ်၍ ရှာဖွေတွေ့ရှိနိုင်မည့် အတွဲ၊ စာမျက်နှာနှင့်တကွ ပြုစုထားပေးထားသည့်အတွက် ဗုဒ္ဓဝင်အကြောင်းအရာများကို ရှာဖွေဖတ်ရှုလိုပါက အချိန်တိုအတွင်း မိမိသိရှိလိုသည်များကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိနိုင်ကြမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|