|
English Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Terms and Conditions
Quick Links
www.MyanmarOnlineSales.com မှကြိုဆိုပါသည်။
www.MyanmarOnlineSales.com သည် ဝင်ရောက်ကြည့်ရှုသူများ အချိန်နှင့် လုပ်အားဆုံးရှုံးမှုမရှိဘဲ online မှနေ၍ ပစ္စည်းမှာယူနိုင်ရန် ရည်ရွယ်၍ လွှင့်တင်ထားခြင်း ဖြစ်ပါသည်။
www.MyanmarOnlineSales.com သည် ရန်ကုန်မြို့ရှိ Myanmar Online Sales
မှ လွှင့်တင်ထားခြင်းဖြစ်ပါသည်။ Websiteနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု၊ websiteတွင် ပြုလုပ်သော အော်ဒါများနှင့် ပတ်သက်၍ တာဝန်ရှိမှုတို့သည် Myanmar Online Sales
နှင့်သာ သက်ဆိုင်ပါမည်။
www.MyanmarOnlineSales.com နှင့် online အော်ဒါပြုလုပ်သူများကြားတွင် နားလည်မှု မှားယွင်း၍ ဖြစ်စေ၊ နှစ်ဦးနှစ်ဖက် သဘောတူပြီး စည်းကမ်းကို တစ်ဦးဦးက ဖောက်ဖျက်၍ ဖြစ်စေ နစ်နာဆုံးရှုံမှုများ ဖြစ်ပေါ်လာခဲ့ပါက အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်အတွက် ဤစာမျက်နှာပါ အကြောင်းအရာများကို အစအဆုံး အသေးစိတ် ဖတ်ရှုထားစေလိုပါသည်။
အထွေထွေ
-
ဤစာမျက်နှာတွင် ဖော်ပြထားသည့် “www.MyanmarOnlineSales.com” ဆိုသည်မှာ ဤ website လွှင့်တင်ထားသူကို ဆိုလိုပါသည်။
-
ဤ website ကို ဝင်ရောက်ကြည့်ရှုသူများ၊ အော်ဒါပြုလုပ်သူများသည် ဤစာမျက်နှာပါ အကြောင်းအရာများ၊ စည်းကမ်းများနှင့် ဤ website ၏ privacy policy စာမျက်နှာပါ အကြောင်းအရာများကို လက်ခံသဘောတူညီပြီးဖြစ်သည်ဟု ယူဆပါမည်။ အကယ်၍ သဘောမတူခဲ့ပါက ဤ website အသုံးပြုခြင်းကို ရပ်ဆိုင်းရပါမည်။
-
www.MyanmarOnlineSales.com သည် ဝင်ရောက်ကြည့်ရှုသူ၏ အချက်အလက်များကို cookies အသုံးပြု၍ သိမ်းဆည်းထားမည်ဖြစ်ပါသည်။
-
ဤ website ပါ အချက်အလက်များကို အခြားတစ်နေရာရာတွင် အသုံးပြုမည် ဖော်ပြမည်ဆိုပါက www.MyanmarOnlineSales.com မှ ရယူထားခြင်းဖြစ်ကြောင်း မဖြစ်မနေ ဖော်ပြရန် လိုအပ်ပါသည်။ သို့သော် ထိုသို့ အချက်အလက်များ ကူးယူဖော်ပြခြင်းအတွက် ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက www.MyanmarOnlineSales.com တွင် တာဝန်မရှိပါ။
-
ဤစာမျက်နှာပါ အကြောင်းအရာများ၊ စည်းကမ်းများနှင့် ဤ website ၏ privacy policy စာမျက်နှာပါ အကြောင်းအရာများကို ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပြောင်းလဲသတ်မှတ်နိုင်ခွင့် www.MyanmarOnlineSales.com တွင် ရှိပါမည်။
Links
-
www.MyanmarOnlineSales.com တွင် အခြား website တို့၏ Link တို့ကို ဖော်ပြကောင်း ဖော်ပြထားမည်ဖြစ်သော်လည်း ၎င်း website တို့သည် www.MyanmarOnlineSales.com နှင့် သက်ဆိုင်မှုမရှိသလို ၎င်းတို့ကြောင့် ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း www.MyanmarOnlineSales.com နှင့် သက်ဆိုင်မှု မရှိပါ။
ရောင်းချနေသော ပစ္စည်းများနှင့် ဈေးနှုန်း
-
www.MyanmarOnlineSales.com တွင် ဖော်ပြထားသော အချက်အလက်များသည် ရန်ကုန်မြို့ရှိ ပါရမီစာပေမှ ရယူထားခြင်းဖြစ်ပြီး အမှန်ကန်ဆုံး၊ အတိကျဆုံးဖြစ်အောင် ကြိုးစားထားပါသည်။ သို့သော် ရာနှုန်းပြည့် တိကျ မှန်ကန်မှု ရှိမည်ဟု အာမခံချက် မပေးပါ။ website ဖော်ပြထားသော အချက်အလက်များကိုလည်း ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပြောင်းလဲနိုင်ခွင့်ရှိပါမည်။
-
ဤ Website တွင် ရောင်းချနေသည့် ပစ္စည်းများ၏ ဈေးနှုန်းသည် ဈေးကွက်တွင် ရောင်းချနေသည့် ဈေးနှုန်းထက် မများအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ အကယ်၍ ဈေးကွက်တွင် ရောင်းချနေသည့် ဈေးနှုန်းသည် များနေခဲ့ပါက ဤ Website တွင် ရောင်းချနေသည့် ပစ္စည်းများ၏ ဈေးနှုန်းကို ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပြောင်းလဲနိုင်ခွင့် www.MyanmarOnlineSales.com တွင် ရှိပါမည်။
ငွေပေးချေမှုစနစ်များ
-
ငွေပေးချေမှုပုံစံမှာ အဓိကအားဖြင့် (၄) မျိုး ရှိပါမည်။
-
ငွေပေးချေမှုပုံစံ (၁) ။ “ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာယူပစ္စည်းကို လာယူချိန်၌ ငွေပေးချေခြင်း”။
၎င်းသည် ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာသည့်ပစ္စည်းကို လာယူချိန်၌ ငွေပေးချေခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို ဤစာမျက်နှာ၏
“ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာယူပစ္စည်းကို လာယူခြင်း”အပိုင်း၌ အသေးစိတ်ဖော်ပြထားပါသည်။
-
ငွေပေးချေမှုပုံစံ (၂) ။ “မှာသူလိပ်စာသို့ အိမ်တိုင်ယာရောက် ပို့ဆောင်ရောင်းချချိန်၌ ငွေပေးချေခြင်း”။
၎င်းသည် မှာသူလိပ်စာသို့ အိမ်တိုင်ယာရောက် ပို့ဆောင်ရောင်းချချိန်၌ ငွေပေးချေခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို ဤစာမျက်နှာ၏
“မှာသူလိပ်စာသို့ အိမ်တိုင်ယာရောက် ပို့ဆောင်ရောင်းချခြင်း”အပိုင်း၌ အသေးစိတ်ဖော်ပြထားပါသည်။
-
ငွေပေးချေမှုပုံစံ (၃) ။ “ဘဏ် (သို့မဟုတ်) Mobile Money Service များမှတဆင့် ကျသင့်ငွေ လွှဲခြင်း”။
၎င်းသည် မှာယူသော ပစ္စည်းများအတွက် ကျသင့်ငွေကို ဘဏ် (သို့မဟုတ်) Mobile Money Service များမှတဆင့် ငွေလွှဲခြင်း ဖြစ်ပါသည်။ လွှဲပေးရမည့် အကောင့်နံပါတ်အပါအဝင် ငွေလွှဲအချက်အလက်များကို ငွေတောင်းခံစာ emailတွင် ဖော်ပြပေးထားမည် ဖြစ်ပါသည်။
-
ငွေပေးချေမှုပုံစံ (၄) ။ “MPU Card အသုံးပြု၍ online ငွေပေးချေခြင်း”။
၎င်းသည် မှာယူသော ပစ္စည်းများအတွက် ကျသင့်ငွေကို MPU Card အသုံးပြု၍ online ငွေပေးချေခြင်း ဖြစ်ပါသည်။ ၎င်းအတွက် ကျသင့်မည့် Transaction Fee ကို ဝယ်ယူသူဘက်မှ ပေးချေရန် လိုအပ်ပါသည်။ ထိုကောက်ခံသည့် Transaction Fee သည် MPU နှင့် သက်ဆိုင်ခြင်း မရှိဘဲ www.MyanmarOnlineSales.com နှင့် online အော်ဒါပြုလုပ်သူများကြား သဘောတူညီချက်သာ ဖြစ်ပါသည်။
အော်ဒါ
-
မှာယူသူအနေဖြင့် ပစ္စည်းမှန် ဈေးမှန်ရအောင် www.MyanmarOnlineSales.com အနေဖြင့် အတတ်နိုင်ဆုံး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။ သို့သော် အော်ဒါပါ ပစ္စည်းများ၏ websiteတွင် ပြထားသော ဈေးနှုန်းနှင့် ဆိုင်တွင် ရောင်းချသောဈေးနှုန်းသည် အကြောင်းတစ်ခုခုကြောင့် မတူညီခဲ့ပါက ၎င်းအော်ဒါကို ပယ်ဖျက်ခွင့် (သို့မဟုတ်) ဆက်လက်ဆောင်ရွက်ရန် ငြင်းဆိုခွင့် (သို့မဟုတ်) မှာယူသူအကြောင်းကြားပြီး အော်ဒါပါ itemများ၏ ဈေးနှုန်းပြင်ဆင်ခွင့် www.MyanmarOnlineSales.com တွင် ရှိပါမည်။ ပြောင်းလဲမည့်စျေးနှင့် အော်ဒါပြုလုပ်စဉ်က စျေးနှုန်းသည် ကွာဟမှုများပါက www.MyanmarOnlineSales.com သည် မှာယူသူထံသို့ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။
-
အော်ဒါပါပစ္စည်းများ စုဆောင်းချိန်သည် မှာယူလိုက်သည့်ပစ္စည်းပေါ် မူတည်ပါမည်။ မှာယူလိုက်သည့်ပစ္စည်းသည် လက်ဝယ်ရှိပြီးပစ္စည်းဆိုပါက မြန်ဆန်မည်ဖြစ်ပြီး လယ်ဝယ်မရှိ၍ ဖြန့်ချိသူထံ မှာယူရမည်ဆိုပါက ၎င်းတို့လာပို့ချိန်ကို စောင့်ဆိုင်းရမည်ဖြစ်၍ (၃) ရက်မှ (၅) ရက်အထိ ကြာနိုင်ပါသည်။ မှာယူသူအနေဖြင့် စောင့်ဆိုင်းနိုင်ခြင်းမရှိ၍ အော်ဒါကို ပယ်ဖျက်လိုပါက ချက်ချင်းအကြောင်းကြားရန် လိုအပ်ပါမည်။
-
Checkout ပြုလုပ်စဉ်အချိန်၌ မှာယူသူသည် မှာယူသူ၏ လိပ်စာ (သို့မဟုတ်) ပို့ပေးရမည့် လိပ်စာကို အပြည့်အစုံ ထည့်သွင်းပေးရပါမည်။ ထို့အတူ မှာယူသူထံ ဆက်သွယ်၍ ရနိုင်သည့် ဖုန်းနံပါတ်(များ)ကိုလည်း မဖြစ်မနေ ထည့်သွင်းပေးရပါမည်။ ထည့်သွင်းထားသည့် လိပ်စာသည် မပြည့်စုံ (သို့မဟုတ်) မတိကျ (သို့မဟုတ်) မမှန်ကန်ခဲ့က ဖြစ်စေ၊ မည်သို့မျှ ဆက်သွယ်၍ မရနိုင်သည့် ဖုန်းနံပါတ်ကို ထည့်သွင်းဖော်ပြခဲ့ကဖြစ်စေ ၎င်းအော်ဒါကို ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
-
မှာယူသော ပစ္စည်းများ အရေအတွက် အတိုး၊ အလျှော့၊ အပြောင်းအလဲ ပြင်ဆင်ခြင်းများ ပြုလုပ်လိုပါက မှာယူသူသည် အော်ဒါပြုလုပ်ပြီးနောက် (၃) နာရီအတွင်း ပြုလုပ်ရပါမည်။
-
www.MyanmarOnlineSales.com သည် မှာယူသည့် အော်ဒါပစ္စည်းများကို စုဆောင်းခြင်းနှင့် သီးသန့်ဖယ်ပေးထားခြင်းတို့ကို မှာယူသူအတွက် ရည်ရွယ်ကာ ပြုလုပ်မည် ဖြစ်ပါသည်။ ထိုသို့ သီးသန့်လုပ်ဆောင်ပေးရခြင်း ဖြစ်သဖြင့် မှာယူသူသည် မှာယူသောပစ္စည်းများ အရေအတွက် တိုးခြင်း၊ ပစ္စည်းအမျိုးအစား တိုးခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း အရေအတွက် လျှော့ခြင်း၊ ပစ္စည်းအမျိုးအစား လျှော့ခြင်းတို့ကိုမူ လုပ်ဆောင်ခွင့် မရှိတော့ပါ။
-
အော်ဒါပါ ပစ္စည်းများကို ဆိုင်တွင် လာယူသည့်အချိန်တွင်ဖြစ်စေ၊ မှာယူသူ၏ လိပ်စာသို့ လာပို့သည့်အချိန်တွင်ဖြစ်စေ အော်ဒါပါ ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ရှိခဲ့ပါက ၎င်းပစ္စည်းကို လဲခိုင်းခြင်း (သို့မဟုတ်) လက်ခံရန် ငြင်းပယ်ခြင်း ပြုလုပ်ရပါမည်။ ငွေပေးချေပြီးနောက် တိုင်ကြားလာသည့် ပစ္စည်းပျက်စီးတိုင်ကြားမှုများကို www.MyanmarOnlineSales.com သည် လက်ခံစဉ်းစားပေးလိမ့်မည် မဟုတ်ပါ။
-
အထက်တွင် ဖော်ပြထားသည့်“အော်ဒါပါ ပစ္စည်းများ ပျက်စီးချို့ယွင်းမှု” ဆိုသည်မှာ ပစ္စည်း၏ အရည်အသွေး (Quality)ကို မဆိုလိုပါ။ ပစ္စည်း၏ မူရင်း ထုတ်လုပ်စဉ်က အရည်အသွေး (Quality) ကောင်းခြင်း ဆိုးခြင်းသည် မူရင်းထုတ်လုပ်သူနှင့်သာ သက်ဆိုင်ပါမည်။ www.MyanmarOnlineSales.com တွင် ဖော်ပြထားသည့် “အော်ဒါပါ ပစ္စည်းများ ပျက်စီးချို့ယွင်းမှု” ဆိုသည်မှာ ပစ္စည်း၏ မူရင်း ထုတ်လုပ်ပြီးနောက် ပစ္စည်းကို တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်းရာတွင်ဖြစ်စေ၊ အရောင်းဆိုင်တွင် ရောင်းချရန် ပြသထားစဉ်ဖြစ်စေ၊ တစ်နည်းနည်းကြောင့် ပျက်စီးချို့ယွင်းခြင်းကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ထုတ်လုပ်သူနှင့်မဆိုင်ဘဲ ရောင်းချသူကြောင့် ဖြစ်ရသည့် ပျက်စီးမှုကိုသာ ဆိုလိုပါသည်။ (ဥပမာအားဖြင့် စာအုပ်၏ စက္ကူအရည်အသွေးသည် www.MyanmarOnlineSales.com နှင့် မသက်ဆိုင်ဘဲ ထိုစာအုပ် စုတ်ပြဲနေခြင်း၊ တစ်စုံတစ်ရာ ပေကျံနေခြင်းကဲ့သို့သော ပျက်စီးချို့ယွင်းခြင်းတို့သည်သာ www.MyanmarOnlineSales.com နှင့် သက်ဆိုင်ပါမည်။)
-
အော်ဒါပါ ပစ္စည်းလက်ခံချိန်တွင် ပစ္စည်းပျက်စီးနေသော ကိစ္စမှလွဲ၍ မှာယူသူသည် အော်ဒါအတွက် ငွေပေးချေရန် တာဝန်ရှိပါမည်။
-
ငွေပေးချေပြီးသော မည်သည့်အော်ဒါမဆို ငွေပြန်အမ်းမည် မဟုတ်ပါ။
ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာယူပစ္စည်းကို လာယူခြင်း
-
ဤဝန်ဆောင်မှုကို ရွေးချယ်သူတိုင်းသည် ရန်ကုန်မြို့ရှိ သတ်မှတ်ထားသည့် Myanmar Online Sales
ဆိုင် (သို့မဟုတ်) ရုံးလိပ်စာသို့ ကိုယ်တိုင် လာရောက်၍ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလွှတ်၍ ဖြစ်စေ အော်ဒါပါ ပစ္စည်းများကို လာရောက်ဝယ်ယူရမည်ဖြစ်ပါသည်။
-
အော်ဒါလာယူရန် အဆင်သင့်ဖြစ်သည့်နေ့ကို Email သို့မဟုတ် ဖုန်းဖြင့် မှာယူသူထံ အကြောင်းကြားပေးမည် ဖြစ်ပါသည်။ အော်ဒါအတွက် ကျသင့်ငွေကို လာယူသည့်အချိန်၌ ပေးချေနိုင်ပါသည်။
-
အော်ဒါကို လာယူနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားပြီး အချိန်မှ စ၍ တစ်ပတ်အထိ သတ်မှတ်နေရာများတွင် သီးသန့်ဖယ်ထားပေးမည် ဖြစ်ပါသည်။ မှာယူသူအနေဖြင့် အော်ဒါကို တစ်ပတ်အတွင်း လာရောက်ဝယ်ယူရမည်ဖြစ်ပါသည်။ အကယ်၍ တစ်ပတ်အတွင်း လာရောက်ဝယ်ယူရန် အခက်အခဲရှိပါက ဝယ်ယူရန် အဆင်ပြေသည့်နေ့ကို www.MyanmarOnlineSalesသို့ ကြိုတင်အကြောင်းကြားထားရပါသည်။
-
စာပေတိုက် လိပ်စာမှာ
ပါရမီ စာပေ (မြို့ထဲ)
အမှတ် ၂၃၀၊ ၂၉ လမ်း (အထက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ပါရမီ စာပေ (ကမ္ဘာအေး)
အမှတ် ၂ နှင့် ၄၊ ကမ္ဘာအေးစေတီမုခ်ဦးစောင်းတန်း၊ ကမ္ဘာအေးဘုရားဝင်း၊ ရန်ကုန်မြို့။
Parami Bookshop (Downtown)
No. (230), 29th Street (Upper Block), Pabedan Township, Yangon, Myanmar
Parami Bookshop (Kabar Aye)
No. (2) & (4), Kabar Aye Pagoda Entrance, Kabar Aye Pagoda Compound, Mayangone Township, Yangon, Myanmar.
ဖြစ်ပါသည်။
မှာသူလိပ်စာသို့ အိမ်တိုင်ယာရောက် ပို့ဆောင်ရောင်းချခြင်း
-
ဤဝန်ဆောင်မှုကို ရယူမည့်သူများ အနေဖြင့် အော်ဒါတန်ဖိုးနှင့် ပို့ခကို အော်ဒါရောက်ရှိချိန်၌ မှာယူသူက ရှင်းပေးရန် တာဝန်ရှိပါမည်။
-
ပို့ခသဘောတူညီချက် ရရှိပြီးနောက် ၁ ရက်မှ ၇ ရက်အတွင်း ပေးထားသော လိပ်စာသို့ အော်ဒါပို့ဆောင်ရောင်းချမည် ဖြစ်ပါသည်။
-
မှာယူသူ၏ ပေးထားသော လိပ်စာ မပြည့်စုံမှု (သို့မဟုတ်) မတိကျမှုကြောင့် အော်ဒါမပေးပို့နိုင်ခြင်း၊ လာပို့သည့်အချိန်တွင် အော်ဒါကို ငွေပေးချေရန် ငြင်းဆန်ခြင်း၊ လာပို့သည့်အချိန်တွင် လိပ်စာ၌ မှာယူသူမရှိသဖြင့် ငွေပေးချေရန် ငြင်းဆန်ခြင်းများ အပါအဝင် မှာယူသူကြောင့်ဖြစ်သော အော်ဒါပေးပို့မှု အခက်အခဲ ဖြစ်ပေါ်လာပါက ထိုမှာယူသူ နောက်ပိုင်းပြုလုပ်သည့် အော်ဒါကို ဤ “မှာသူလိပ်စာသို့ အိမ်တိုင်ယာရောက် ပို့ဆောင်ရောင်းချခြင်း” ဝန်ဆောင်မှုအသုံးပြု၍ ရောင်းချပေးမည် မဟုတ်တော့ဘဲ ငွေကြိုတင်လွှဲခြင်း (သို့မဟုတ်) ဆိုင်သို့လာရောက်ဝယ်ယူခြင်း နည်းလမ်းဖြင့်သာ ရောင်းချမည် ဖြစ်ပါသည်။ ထိုသို့ ရောင်းချရာတွင် မှာယူသူဘက်မှ ငွေပေးချေရန် ပျက်ကွက်ခဲ့သည့် ယခင်အော်ဒါအတွက် ပို့ခကိုပါ သီးခြားအနေဖြင့် ထည့်သွင်းကောက်ခံသွားမည် ဖြစ်ပါသည်။
-
မှာယူသူ၏ ရန်ကုန်လိပ်စာသို့ မှာယူပစ္စည်းကို အရောက်ပေးပို့ပေးခြင်းအတွက် အောက်ပါအတိုင်း ပို့ခကို ကောက်ခံမည် ဖြစ်ပါသည်။
-
အထက်ပါ ဈေးနှုန်းများသည် အနိမ့်ဆုံး ခန့်မှန်းပို့ခနှုန်းထားများ ဖြစ်ပါသည်။ ပို့ရမည့်လိပ်စာ အကွာအဝေးပေါ်မူတည်၍ ပို့ခပြောင်းလဲနိုင်ပါသည်။ ပို့ခအတိအကျကို အော်ဒါပြုလုပ်ပြီးနောက် စာအုပ်စုဆောင်းပြီးချိန်၌သာ သိရှိနိုင်မည် ဖြစ်ပါသည်။
အဝေးပြေးကားဂိတ်မှတဆင့် မှာယူပစ္စည်းကို ပို့ပေးခြင်း
-
မှာယူပစ္စည်းကို အဝေးပြေးကားဂိတ်မှတဆင့် ပို့ပေးရမည်ဆိုပါက အော်ဒါတန်ဖိုးအပြင် ပို့ခကို မှာယူသူက ပေးချေရပါမည်။
-
လွှဲငွေကို လက်ခံရရှိပြီး နောက်နေ့၌ သဘောတူထားသောထားသော ကားဂိတ်မှ တဆင့် မှာယူသောပစ္စည်းများကို ပို့ပေးမည် ဖြစ်ပါသည်။
-
www.MyanmarOnlineSales.com သည် မှာယူပစ္စည်းများကို ရန်ကုန်ကားဂိတ်ရောက်သည်အထိ လုံခြုံကောင်းမွန်စွာ ရောက်ရှိရန် တာဝန်ယူပါသည်။ သို့သော် ၎င်းနောက်ပိုင်း လမ်းခရီးသယ်ယူပို့ဆောင်စဉ် မှာယူပစ္စည်းများ ပျက်စီး ပျောက်ဆုံး ဆုံးရှုံးခြင်းကိစ္စရပ်ပေါ်ပေါက်ခဲ့ပါက www.MyanmarOnlineSales.com နှင့် သက်ဆိုင်ခြင်း မရှိပါ။
|