|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ ဗုဒ္ဓဂယာနှင့် အနီးတစ်ဝိုက်နေရာများကို သမိုင်းကြောင်း၊ ပထဝီဝင်အချက်အလက်များနှင့်တကွ အသေးစိတ်သုတေသနပြုထားသော စာအုပ်ဖြစ်သည်။ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ လုမ္ဗီနီ၊ ကုသိနာရုံ၊ ပတ္တနား၊ နာလန္ဒာ၊ ရာဇဂြိုဟ်၊ ကပိလဝတ်၊ သင်္ကဿနဂိုရ်ပြည်၊ ဝေသာလီ၊ ကောသမ္ဗီ၊ ဆန်ချီစေတီတော်၊ အဂျ န္တာဂူနှင့် နယ်လိုရာဂူ၊ ကနေရီဂူများ၊ တက္ကသိုလ်များ၊ အိန္ဒိာပြတိုက်အတွင်းရှိ ရုပ်ပွားတော်နှင့် နတ်ရုပ်များ၊ အခြားအထွေထွေသိမှတ်ဖွယ်ရာများကို အခန်းပေါင်း ၁၉ ခန်းခွဲကာ ရှင်းပြထားသည်။ နေရာဒေသတိုင်း၏ တည်နေရာ၊ လမ်းပန်းဆက်သွယ်မှု၊ ဖူးမျှော်လေ့လာရန်ဌာနများကို ဓာတ်ပုံများ၊ မြေပုံများစွာဖြင့် အသေးစိတ်လမ်းညွှန်ရှင်းပြထားသည့်အတွက် ဗုဒ္ဓဂယာသို့ သွားရောက်မည့်သူတိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။ စာရေးသူ ဦးအံ့မောင် (ကလောင်အမည် မောင်အံ့)သည် သာသနာရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင် အငြိမ်းစားယူခဲ့သူဖြစ်ပြီး ယခုအခါ ၎င်းဌာန၌ပင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|