|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အင်္ဂလိပ် ဂျော့ဘုရင်လက်ထက်က ချီးမြှင့်သော ဆာဘွဲ့၊ မြန်မာအစိုးရမှ ချီးမြှင့်သော သတိုးသီရိသုဓမ္မဘွဲ့၊ ယိုးဒယားဘုရင်ချီးမြှင့်သော (Order of the Crown) ပထမတန်းဘွဲ့တံဆိပ်နှင့် စလွယ်တို့ကို ရရှိခဲ့သူ မြန်မာသူဌေးကြီး ဆာဦးသွင်အကြောင်း စာအုပ်ဖြစ်သည်။ စာအုပ်တွင် ဆာဦးသွင်အကြောင်းကို သူ၏ အရွယ်သုံးပါးအတွက် အခန်း ၃ ခန်းခွဲထားသည်။ ငယ်ရွယ်စဉ် ပထမအရွယ်၌ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပညာရပ်များနှင့် ခေတ်ပညာရပ်များကို သင်ကြားဆည်းပူးအားထုတ်ခဲ့ပုံ၊ ဒုတိယအရွယ်တွင် ဥစ္စာရှာဖွေစုဆောင်းမှုကို မနားမနေ အားထုတ်ဆောင်ရွက်ခဲ့ပုံ၊ တတိယအရွယ်တွင် သူရှာဖွေခဲ့သည့် ချွေးနည်းစာ ပညာ ဥစ္စာတို့ကို ဗုဒ္ဓသာသနာတော် မြေကောင်းမြေမှန်၌ မြှုပ်နှံခဲ့ပုံ (အလှူကြီးများပေးခဲ့ပုံ)များကို အသေးစိတ်ဖော်ပြထားသည်။ ဆာဦးသွင်သည် ဟာမစ်တစ်ရှိ သူပိုင်မြေ ၅.၄၈ ဧကကို မဟာစည်ရိပ်သာသို့ လှူဒါန်းခဲ့သည့်အပြင် ဦးနုလက်ထက် ဆဋ္ဌသံဂါယနာတင်ရာတွင်လည်း အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|