|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြတ်စွာဘုရား၏ တရားဒေသနာများ မူရင်းအတိုင်း မပျောက်မပျက် တည်ရှိနိုင်အောင် ဝန်ကြီးချုပ်ဦးနုလက်ထက်က ဆဋ္ဌမကြိမ်မြောက် သံဂါယနာတင်ခဲ့ကြရာ ယခုစာအုပ်များသည် ထိုသံဂါယနာတင်ခဲ့စဉ်က အမေးအဖြေပြုလုပ်ခဲ့ကြသည်များကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ပိဋကတ်သုံးပုံမှ အကြောင်းအရာများအားလုံးကို အမေးအဖြေပြုလုပ်ထားခြင်းမဟုတ်ဘဲ အရေးကြီးသော အချက်အလက်များကိုသာ ရရှိသော အချိန်ကာလနှင့် နှိုင်းချိန်၍ မေးဖြေတော်မူခဲ့ကြခြင်းဖြစ်သည်။ အကျယ်သိလိုပါက မြန်မာပြန်ကျမ်းကြီးများကို ဖတ်ရှုကြရန်ဖြစ်သည်။ မေးကြားတော်ဆရာတော်ကြီးများတွင် မဟာစည်ဆရာတော်ပါဝင် သကဲ့သို့ ဖြေကြားသောဆရာတော်များတွင် မင်းကွန်းဆရာတော်ကလည်း တာဝန်ယူဖြေကြားခဲ့သည်။ ပိဋကတ်သုံးပုံမှ အရေးကြီးအချက်အလက် အဆီအနှစ်များကို တစ်စုတစ်စည်းတည်း ပါဠိမြန်မာ ၂ ဘာသာယှဉ်တွဲ ဖတ်ရှုနိုင်ကြမည်ဖြစ်သည်။ စာအုပ်ပါ နိဒါန်းအကြောင်းအရာကို စာမြည်းရန်တွင် ကြည့်ရှု၍ ရပါသည်။ ယခုစာအုပ်များတွင် ဒီဃနိကာယ်အတွက် တစ်အုပ်၊ အဂုၤတ္တရနိကာယ်အတွက် တစ်အုပ်၊ အဘိဓမ္မာပိဋက ခုဒ္ဒကနိကာယ်အတွက် တစ်အုပ်၊ ဝိနယပိဋကအတွက် ၂ အုပ်၊ မဇ္ဈိမနိကာယ်အတွက် ၂ အုပ်၊ သံယုတ်တ္တနိကာယ်အတွက် ၂ အုပ် စုစုပေါင်းအားဖြင့် ၉ အုပ်ပါရှိသည်။ စာအုပ်များကို သိမ်းဆည်းရလွယ်ကူစေရန် ပတွဲနှင့် ဒုတွဲများကို ပေါင်းချုပ်ထားပါသည်။ (မှတ်ချက်။ စာအုပ်များမှာ ဦးနုလက်ထက်က ရိုက်နှိပ်ထားသော ရှားပါစာအုပ်များဖြစ်ပါသည်။ စုစုပေါင်း ၉ အုပ်တွင် ၇ အုပ်မှာမူရင်းဖြစ်ပြီး ၂ အုပ်မှာမူ မိတ္တူဖြစ်ပါသည်။ လက်ကျန် ၁ စုံသာ ကျန်သဖြင့် အမြန်ဝယ်ယူထားမှသာလျှင် စိတ်ချရမည်ဖြစ်ပါသည်။ စာအုပ်များကို သားရေးတုဖုံးကဒ်ထူဖြင့် ချုပ်ထားပါသည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|