|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ရှေးမြန်မာ မင်းအဆက်ဆက်ကတည်းက မြန်မာ့သစ်တောများသည် မြန်မာလူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုခဲ့ပုံများ၊ သစ်ကြောင့် အင်္ဂလိပ်တို့နှင့် ပြဿနာဖြစ်ပွားခဲ့ပုံများ၊ သစ်တောများကို မြန်မာမင်းအဆက်ဆက် ထိန်းသိမ်းခဲ့ပုံများနှင့် ခုတ်ယူအသုံးပြုခဲ့ပုံများ အပါအဝင် မြန်မာ့သစ်တောသမိုင်းကို အသေးစိတ် သုတေသနပြုထားသော စာအုပ်ဖြစ်သည်။ စာအုပ်ပါ အခန်းအမည်များမှာ အခန်း(၁) မြန်မာ့ရတနာသစ်တော ကျွန်းရွှေဝါ(သို့) ရွှေပဒေသာပင်၊ အခန်း(၂) ရတနာပုံခေတ် သစ်ထုတ်လုပ်ရေး အရှုံး အမြတ် တွက်စစ်ခြင်း၊ အခန်း (၃) မြန်မာ့ရွှေပင်ငွေပင်မှ ရွှေသီးငွေသီး ဆွတ်စားကြသူများ၊ အခန်း (၄) သစ်တောပညာနှင့် သစ်တော အုပ်ချုပ်ရေး၊ နောက်ဆက်တွဲများ အနေဖြင့် သစ်ထုတ်လုပ်ရေးဆိုင်ရာ ကုန်းဘောင်မင်းတို့ အမိန့်တော်များ၊ ရတနာပုံခေတ် သစ်ထုတ်လုပ်ခွင့် စာချုပ်များ၊ ၁၂၄၄ ခုနှစ် သီတင်းကျွတ်လအတွက် သစ်မှတ်ထားသည့် စာရင်းတို့ဖြစ်ကြသည်။ မြန်မာ့သမိုင်း အထောက်အထားများကို ရှာဖွေဖော်ထုတ် သုတေသနပြုလုပ်ရာတွင် နာမည်ကြီးသော စာရေးသူသည် ဤစာအုပ်တွင်လည်း ရှားပါးသော အထောက်အထားများကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေကာ ကြိုးစား သုတေသနပြုလုပ်ထားသည်ကို တွေ့ရသည်။ မြန်မာ့သစ်လုပ်ငန်း နှစ် ၆ဝ ပြည့် စိန်ရတု အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသော စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|