|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၂ဝဝ၉ ခုနှစ် မတ်လ ၅ ရက်မှ ၉ ရက်အတွင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင့်ပမည့် ဗုဒ္ဓ ဓမ္မ သံဃ ပူဇာပွဲများနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များ စည်းဝေးပွဲသို့ တက်ရောက်ရန် သီတဂူဆရာတော်သည် အမျိုးသားစာပေရှင် ၃ဝ ဦးကို ဖိတ်ကြားခဲ့ရာ စာရေးသူသည် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ဤစာအုပ်တွင် ထိုစည်းဝေးပွဲသို့ တက်ရောက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်တစ်လျှောက် မှတ်တမ်းများနှင့်တကွ သီတဂူဆရာတော်၏ သာသနာပြုစွမ်းရည်နှင့် သာသနာပြုလုပ်ငန်းများကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။ ကမ္ဘာအနှံ့ ဗုဒ္ဓသာသနာပြုလုပ်ငန်းတွင်သာမက သီတဂူ ဥဒကဒါန ရေအလှူတော် စီမံကိန်း၊ သီတဂူ အာယုဒါန ဆေးအလှူတော်၊ အမေရိကန် တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ သီတဂူ ဗုဒ္ဓဝိဟာရ တရားအလှူဌာန၊ ၂ဝဝ၉ ခုနှစ်အထိတွင် ဒေါက်တာဘွဲ့ရ ရဟန်းတော် ၁၆ ပါး၊ M.Aဘွဲ့ရ ရဟန်းတော် ၈ ပါးနှင့် B.Aဘွဲ့ရ ရဟန်းတော် ၄ဝ ပါးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည့် သီတဂူ ပညာအလှူတော် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အကြောင်းများကို စာရေးသူက ပြင်ပပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အကဲခတ်ဝေဖန်ထားပြီး စည်းဝေးပွဲမှတ်တမ်းကိုပါ ထည့်သွင်းဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|