|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာ့သမိုင်းတွင် “သူ့ကံနှင့် သူလာတာ”ဟု ပြောစမှတ်ပြုရလောက်သည့် နန်းမတော်မယ်နုအကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်။ မိုးညှင်းမင်းတရား၏ အဆင့်ဆင့်သော အနွယ်တော် ထောင်သင်းမှူးဦးလှုပ်၏ သမီးငယ် ရိုးရိုးသာမန် အမျိုးသမီးငယ်အဖြစ်မှ သူမ၏ ထမီနီကို စွန်ငှက်ကချီ၍ မိဖုရားခေါင်ကြီး နန်းတောင်ပေါ်တွင် ချထားခဲ့ရာ ထိုအချိန်မှစ၍ ဘိုးတော်မင်းတရား၏ မိဖုရားခေါင်ကြီး အပျိုတော်၊ နောက် အိမ်ရှေ့စံ စစ်ကိုင်းမင်းသား၏ မိဖုရား၊ စစ်ကိုင်းမင်းသား နန်းတက်သောအခါ နန်းမတော်မယ်နုအစရှိသည်ဖြင့် ဘဝအကျိုးပေးကံ ကောင်းခဲ့သော မယ်နုအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမည်ဖြစ်သည်။ ထိုမှတဖန် မယ်နု၏ မောင်ဖြစ်သူ မောင်အိုကို စစ်ကိုင်းမင်းက လွှတ်တက်မင်းသားတစ်ပါးအဖြစ် ချီးမြှောက်ခဲ့ရာ မောင်အိုသည် လွှတ်တက်မင်းသားဟောင်းဖြစ်သည့် သာယာဝတီမင်းသားနှင့် အာဏာပြိုင် အင်အားပြိုင်ခဲ့သည်။ ထိုမှအစပြုကာ နောက်ဆုံးတွင် စစ်ကိုင်းမင်းနှင့်အတူ မယ်နုလည်း နန်းပေါ်မှ ဆင်းပေးခဲ့ရပြီး မယ်နုကိုယ်တိုင်သည်လည်း သာယာဝတီမင်း၏ အာဏာဖြင့် အသေဆိုးနှင့် သေခဲ့ရသည်။ နန်းမတော်မယ်နုသည် မြန်မာသမိုင်း၏ အရေးပါသော မိဖုရားများဖြစ်သည့် ဆင်ဖြူမရှင်မိဖုရား၏ မယ်တော်ဖြစ်ပြီး၊ စုဖုရားလတ် မိဖုရား၏ အဘွားအရင်းလည်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|