|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်
-
-
Author(s):
ဦးအေးချို (မဟာဝိဇ္ဇာ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 90
- Binding: Paperback
- Publication Month Year: 2009
- Size: 12 cm x 18 cm
|
- Description: လူမျိုးခြား၊ ဘာသာခြားများနှင့် အိမ်ထောင်ပြုမိကြသည့်အခါ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအနေနှင့် မိမိတို့ဘက်က ဘာသာရေးနှင့် ပတ်သက်လာလျှင် ဘယ်လောက်အထိ ဆုံးရှုံးနစ်နာမှုရှိသလဲဆိုသည်ကို မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေများ၊ ခရစ်ယာန်ဘာသာ ထုံးတမ်းဥပဒေများ၊ ဟိန္ဒူဘာသာ ထုံးတမ်းဥပဒေများ၊ အစ္စလာမ်ဘာသာ ထုံးတမ်းဥပဒေများကို ကိုးကားကာ ရေးသားထားခြင်းဖြစ်သည်။ အမျိုးပျောက်မှာ စိုးကြောက်လှပါတော့သည်ဆိုသည့် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူများ ဘာသာခြား လူမျိုးခြားနှင့် အိမ်ထောင်ပြုက လူမျိုးနှင့် ဘာသာအကြား ဖြစ်ပေါ်လာနိုင်သည့် အိမ်ထောင်ရေး ပြဿနာများကို ရှင်းလင်းပြတ်သားစွာ သိရှိနိုင်အောင် ဖော်ထုတ်ရေးသားထားသည်ကို တွေ့ရသည်။ ရှေးခေတ်စဉ်လာ သမီးကညာ ဆက်သကြပုံများမှစတင်ကာ ပုဂံခေတ် အိမ်ထောင်ရေးအကြောင်း၊ အပျော်မယားဖြစ်ခဲ့ရသည့် မြန်မာအမျိုးသမီးများအကြောင်း၊ ဇာတ်မတူလျှင် အိမ်သူမဖြစ်ပုံ၊ ဘာသာတူ လူမျိုးကွဲနှင့် ဓလေ့ထုံးတမ်းများအကြောင်း၊ ဂျပန်ခေတ်က “ဘီးကျိုးပါ့မယ် မာစတာရဲ့”ဟုပင် ပြောင်လှောင်ခဲ့ရသည့် မြန်မာအမျိုးသမီး တစ်ချို့အကြောင်း၊ ထိမ်းမြားမှုနှင့် အမွေဆက်ခံဥပဒေအကြောင်းအပါအဝင် ဘာသာခြား လူမျိုးခြားတို့နှင့် အိမ်ထောင်ပြုမှုရေးရာတို့၏ ဆိုးကျိုးတို့ကိုလည်း အသေးစိတ် ရေးသားထားသည်။ ဤစာအုပ်ပါ အကြောင်းအရာများသည် စာရေးသူရေးသားသည့် “မြန်မာ့အိမ်သူ၊ မြန်မာ့မှု”စာအုပ်မှ အခန်းတစ်ခန်းကို သီးခြားရွေးချယ်ကာ ထုတ်ဝေထားခြင်းဖြစ်သည်။ ထို“မြန်မာ့အိမ်သူ၊ မြန်မာ့မှု”စာအုပ်သည် ၁၉၉ဝ ပြည့်နှစ် စာပေဗိမာန်စာမူပြိုင်ပွဲတွင် သုတပဒေသာဘာသာရပ်၌ ဒုတိယဆု ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|