|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- တစ်ထောင့်တစ်ညပုံပြင်များ (အတွဲ ၁ + ၂ + ၃ + ၄ + ၅)
-
-
Author(s):
ကျော်လှိုင်ဦး
- Type: Myanmar Books
-
Category:
ကလေးစာပေ
,
ဝတ္ထုရှည်
- No of Pages: 2087
- Binding: Hard Cover
- Publication Month Year: Mar-1992
- Size: 14 cm x 23 cm
|
- Description: ရှေးအခါက အိန္ဒိယ၊ ပါရှား၊ အာရေဗျတို့သည် အပြန်အလှန် ဆက်သွယ်ကုန်သွယ်ခဲ့ကြသည်။ အာရေဗျ သဲကန္တာရကြီးအတွင်း အာရပ်ကုန်သည်တို့သည် ကုလားအုပ်များဖြင့် ကုန်သွယ်သွားလာရင်း လူ့အကြောင်း လူ့သဘော လူ့မနောတို့ကို ပုံပြင်သဖွယ် ပြောဆိုခဲ့ကြသည်။ အာရပ်တို့သည် ပုံပြင်များစွာကို ပုလဲကုံးများသဖွယ် စီကာပတ်ကုံး ပြောဆိုခဲ့ရာ ရှာရယာမင်းညီနောင်၏ မယားများ မျောက်မွေးသောအဖြစ်မှ အစပြု၍ မဆုံးနိုင်သော ပုံပြင်ရှည်များ ဖြစ်လာခဲ့သည်။ ထိုသို့ ပြောဆိုချက်များသည် နှုတ်ပြောပုံပြင်အဖြစ် တည်ရှိနေခဲ့ရာမှ အာရဗီဘာသာဖြင့် မှတ်တမ်းတင်ခဲ့ကြရာမှ ဤ အာရပ်ညများခေါ် ပသီပုံပြင်ခေါ် တစ်ထောင့်တစ်ညပုံပြင်များ ပေါ်ပေါက်လာရခြင်းပင် ဖြစ်သည်။ ထိုပုံပြင်များကို ဆာဘွဲ့ရ ရစ်ချတ်ဗာတန်ဆိုသူသည် ၁၆ တွဲခွဲ၍ အာရဗီဘာသာမှ အင်္ဂလိပ်ဘာသာသို့ အစအဆုံး ပြန်ဆိုခဲ့ရာ သူ၏ ဘာသာပြန်ဆိုချက်များကို တဖန် စာရေးဆရာ ကျော်လှိုင်ဦးက မြန်မာဘာသာသို့ ၅ တွဲခွဲ၍ ပြန်ဆိုခဲ့သည်။ တစ်ထောင့်တစ်ညဝတ္ထုများကာ ဖျော်ဖြေမှုလည်းရစေ၊ လူ့ဘဝစရိုက်၊ လူ့လောက သဘောကိုလည်း ဆင်ခြင်ပွားများစေနိုင်သော လူကြီး လူငယ်မရွေး ဖတ်ရှုနိုင်သည့် ဂန္ထဝင်စာပေမျိုးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၈ဝ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် - (ရသ)) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|