|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းအကျဉ်း၊ သူ မိန့်ကြားခဲ့သော မိန့်ခွန်းများ၊ သူ ရေးသားခဲ့သော ဆောင်းပါးများကို တစုတစည်းတည်း သိရှိနိုင်ရန် စီစဉ်ထားရှိသော စာအုပ်ဖြစ်သည်။ စာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲသမိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် အဆိုအမိန့်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဆောင်းပါးများဟူ၍ အခန်း ၄ ခန်း ခွဲခြားထားသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲသမိုင်းအခန်းတွင် ၁၉၁၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ နှစ်အလိုက် ဗိုလ်ချုပ်၏ အရေးကြီး ဖြစ်စဉ်များကို လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် အဆိုအမိန့်များအခန်းတွင် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက် တော်လှန်ရေးပန်းခြံတွင် အရှင်းလင်းဆုံး၊ အထိရောက်ဆုံး ပြောသွားသည့် တပ်ထွက်မိန့်ခွန်းမှ စတင်ကာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ် နောက်ဆုံးပြောခဲ့သော မိန့်ခွန်းအထိ မိန့်ခွန်းစုစုပေါင်း ၂၄ ခု၏ အနှစ်ချုပ် ကောက်နှုတ်ချက်များကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ဆောင်းပါးများ အခန်းတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ဆောင်းပါးများဖြစ်ကြသည့် လောကဝိတာ၊ ကျောင်းသာဝတ္တရား၊ မင်းကြီးဦးမင်းရောင်၊ နိုင်ငံရေးအမျိုးမျိုး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊ ကမ္ဘာစစ်နှင့် ဗမာ၊ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ အစရှိသည့် ဆောင်းပါး ၈ ပုဒ်ကို အစအဆုံးအနေဖြင့် လည်းကောင်း ဖတ်ရှုကြရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ချုပ်အကြောင်း အသိနည်းလာကြသော မြန်မာလူငယ်၊ ကလေးငယ်များအတွက် ဗိုလ်ချုပ်ဆိုသည်မှာ မြန်မာအာဇာနည်ဘွဲ့နှင့် ထိုက်တန်မတန်ကို သိရှိသွားစေမည့် စာအုပ်ကောင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|