|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: “အဂ္ဂနိ”ဆိုသည်မှာ မီးဓာတ်၊ တေဇောဓာတ်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “အဂ္ဂနိယောဂ”ဆိုသည်မှာ တေဇောဓာတ်ယောဂ၊ မီးဓာတ်ယောဂဟု ခေါ်ဆိုနိုင်သော်လည်း ကျမ်းပြုဆရာ ဆိုလိုသည်မှာ ဇီဝဓာတ် စတင်ဖြစ်ပေါ်ရာ မူလဓာတ်ကို ဆိုလိုရင်းဖြစ်သည်။ လူဆိုသည်မှာ အသက်ဇီဝရှိ၍ လူဖြစ်နေရခြင်းဖြစ်ရာ လူဖြစ်နေရသည့် လူ့ဘဝအတွက် ကျင့်ကြံရမည့် ကျင့်စဉ်များကို ဖော်ပြထားခြင်းဖြစ်၍ “ဘဝယောဂ”ကျင့်စဉ်ဟုလည်း ခေါ်ဆိုနိုင်သည်။ ဤယောဂနည်းသည် အခြားယောဂနည်းများနှင့် မတူဘဲ ထူးခြားနေသည်မှာ ကမ္မဋ္ဌာန်းထိုင်နည်း သက်သက်မဟုတ်ဘဲ အိပ်နည်း၊ စားနည်း၊ ကျန်းမာနည်း၊ အသက်ရှည်နည်း၊ ဉာဏ်ရည်ထက်မြက်နည်း၊ အာရုံထူး အမြင်ထူးရနည်းစသည့် လူ့ဘဝတွင် လိုအပ်သည့် အရည်အသွေးများကို ရအောင် ကျင့်ကြံသည့် ဆောင်ရန် ရှောင်ရန်နည်းများကို အထူးပြု ဖော်ပြထားခြင်းဖြစ်သည်။ ဤစာအုပ်ပါ ကျင့်စဉ်များကို ဗုဒ္ဓသာသနာပြု ဒေါက်တာရိုးရစ်ချ်၏ ဇနီး ဟယ်လင်နာရိုးရစ်ချ်က ၁၉၃ဝ ခုနှစ်ခန့်က ရေးသားခဲ့သည်။ သူတို့ ဇနီးမောင်နှံသည် အိန္ဒိယမှ စတင်ထွက်ခွာခဲ့ရာ ရှမ်ဗဲလားကို ဖြတ်၊ နောက်ဆုံး ရုရှားသို့တိုင် ရောက်ရှိခဲ့ရာ ခရီးစဉ်သည် အချိန် ၂ နှစ်ကြာ ကြာမြင့်ခဲ့သည်။ စာအုပ်ပါအကြောင်းအရာများသည် ဟယ်လင်နာ၏ ဆရာများက ဟယ်လင်နာဆီ ရေးသားပေးပို့သည့် ညွှန်ကြားချက်များဖြစ်ကြပြီး ထူးဆန်းသည်မှာ စက္ကူပေါ် ရေးသားပေးပို့ခြင်းမဟုတ်ဘဲ အသံ မနောဓာတ်နှင့် ပေးပို့ထားခြင်းဖြစ်သည်ဟု ဆိုသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|