|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကမ္ဘာကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသော မြန်မာနိုင်ငံမှ ဦးသန့်သည် မြန်မာပြည်တွင် ရှိစဉ်အချိန်က ဂန္ထလောက မဂ္ဂဇင်း၊ ဒီးဒုတ်၊ သူရိယ၊ မန္တလေး ကြီးပွားရေးနှင့် အခြား စစ်ကြိုခေတ် ရှားပါး မြန်မာမဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားခဲ့ရာ ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဤစာအုပ်ဖြစ်မြောက်အောင် စီစဉ်စုဆောင်းသူများမှာ ဦးသော်ကောင်းနှင့် မောင်ဇေယျာတို့ ဖြစ်ကြပြီး အကြောင်းအရာများမှာ ထိုခေတ်ထိုအခါ၏ ပညာရေးစနစ်၊ နိုင်ငံရေးစနစ်၊ သတင်းနှင့် စာနယ်ဇင်းများအကြောင်း၊ ဦးသန့်ကိုယ်တိုင် ဖတ်မှတ်ခဲ့သည့် စာအုပ်၊ ဆောင်းပါးများ ဝေဖန်ချက်၊ ကိုယ်တိုင်ရေး ဝတ္ထုတို၊ ဘာသာပြန်ကဗျာ အစရှိသည်တို့ဖြစ်ကြသည်။ မာတိကာအသေးစိတ်ကို စာမြည်းရန်တွင် ကြည့်ရှုနိုင်ပါသည်။ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်းက “ဦးသန့်အား စာအလွန်ဖတ်သူအဖြစ် သိရှိခဲ့သော်လည်း၊ ယခု ဦးသော်ကောင်းနှင့် မောင်ဇေယျာတို့ စုဆောင်းထုတ်ဝေသော ဦးသန့်၏ လက်ရွေးစင်စာများကို တွေ့ရှိတော့မှ ဦးသန့် ဤမျှစာများစွာ ရေးခဲ့သည်ကို သိရှိကြောင်း ဝန်ခံရပေမည်။ ဦးသန့်၏ လက်ရွေးစင်စာများ ဖတ်ကြည့်မှ နောင်ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့ပြဿနာများ ကိုင်တွယ်နိုင်ပုံကို နားလည်မိပါသည်”ဟု အမှာစာတွင် ချီးမွမ်းထောပနာ ပြုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|