|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: တေဇအပတ်စဉ် ၄ သင်တန်းဆင်းဖြစ်ပြီး ရဲနိုင်အောင် စစ်ဆင်ရေး၊ ရဲမင်းအောင် စစ်ဆင်ရေးများတွင် ပါဝင်ဆင်နွှဲခဲ့သူ၊ အသက် ၂၄ နှစ်အရွယ်၌ တပ်ခွဲမှူးတာဝန် ထမ်းဆောင်ရင်း ဗ.က.ပများနှင့် အနီးကပ်ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲတစ်ခုတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အပြုံးမပျက် အသက်ပေးလှူသွားသူ၊ စာရေးဆရာ အထောက်တော်လှအောင်၏ သားရင်းဖြစ်သည့် ဗိုလ်တင်နွယ်သိန်း (ခမရ ၁ဝ၃ တောင်တွင်းကြီးမြို့)၏ ကိုယ်ရေးမှတ်တမ်းများကို အခြေခံကာ စာရေးသူ အထောက်တော်လှအောင်က ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ သူု၏ တိုက်ပွဲတွင် ရဲရင့်တည်ကြည်စွာ ခေါင်းဆောင်နိုင်မှုနှင့် အသက်စွန့် တိုက်ပွဲဝင်ခဲ့မှုကြောင့် နိုင်ငံတော်ကလည်း ၁၉၈၁ ခုနှစ်တွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခဲ့သည်။ သားဖြစ်သူအတွက် ဝမ်းနည်း ဝမ်းသာဖြစ်ခဲ့ရသော စာရေးသူသည် သားဖြစ်သူ ကွယ်လွန်ပြီးနောက် တပ်စခန်းတွင် ကျန်ရစ်ခဲ့သည့် သားဖြစ်သူ၏ ကိုယ်ရေးမှတ်တမ်းများကို ရရှိခဲ့ရာ ထိုမှတ်တမ်းမူရင်းစာများနှင့်အတူ ဤစာအုပ်ကို ရေးသားလိုက်ခြင်းဖြစ်သည်။ စာများတွင် သူ၏ စစ်သင်တန်းကျောင်း အတွေ့အကြုံများ၊ လူငယ်သဘာဝ စိတ်ခံစားမှုများ၊ တပ်ရင်း တပ်စခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ၊ အသက်ပင်ငယ်သော်လည်း လေးစားစရာကောင်းသည့် တိုင်းပြည်နှင့် လူမျိုးအပေါ်ထားသည့် စိတ်ရင်းများအကြောင်းကို တွေ့ရှိကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|