|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- စာပွဲသဘင် (ရွှေပြည်ဦးဘတင်၏ ဟောပြောချက်များ)
-
-
Author(s):
လူထုဒေါ်အမာ
,
မင်းယုဝေ
,
လူထုဦးလှ
,
ဝင်းတင့်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 288
- Binding: Paperback
- Publication Month Year: Dec-2017
- Size: 13 cm x 21 cm
|
- Description: ၁၉၅၉ ခုနှစ်က ကျရောက်ခဲ့သော မန္တလေး နှစ် ၁ဝဝ ပြည့်ပွဲကို အကြောင်းပြု၍ မန္တလေးတက္ကသိုလ်တွင် ရွှေပြည်ဦးဘတင်သည် မန္တလေးနှင့် ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် တစ်နှစ်ကျော်ကြာသည့်တိုင်အောင် ဟောပြောပွဲပြုလုပ်ခဲ့သည်။ ထိုဟောပြောပွဲပါ ဆရာကြီး၏ ဟောပြောချက်များကို အသံဖမ်း၍ ယခုကဲ့သို့ စာအုပ်အဖြစ် ပြောင်းလဲထုတ်ဝေထားခြင်းဖြစ်သည်။ မန္တလေးနှင့်ပတ်သက်၍ ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်ဟုဆိုရမည့် ဆရာကြီး၏ ဟောပြောချက်များတွင် ညောင်ကန်ဆရာတော်၏ မင်းဆက်လင်္ကာ၊ လယ်တီဆရာတော်၏ မန္တလေးပါဠိဂါထာ၊ မင်းတုန်းမင်းနှင့် မိဖုရားများ တေးထပ်၊ မင်းတုန်းမင်း သာသနာပိုင်ရွေးခြင်း၊ မိဖုရားရွေးခြင်း၊ အင်းဝပျက်လင်္ကာ၊ တကောင်းမှစသည့် မြန်မာတို့ အုပ်ချုပ်ရေး၊ မြန်မာမင်းများ လက်ထက် ဆင်ဖမ်းပုံနှင့် လေ့ကျင့်ပုံ၊ မြင်းစစ်သည်နှင့် မြင်းအမှုထမ်းများ၊ ဘုရင်လယ်လုပ်ပုံ၊ ရာမရကန်ထဲက လင်္ကာ၊ သာသနာရေးဆိုင်ရာ အမိန့်များ၊ သာသနာပိုင်၏ တာဝန်များ၊ သီပေါမင်း သာသနာပိုင်ခန့်ပုံ၊ ရွှေဘိုမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းလက်ထက် သာသနာပိုင်များအကြောင်း၊ မင်းညီမင်းသားများအကြောင်း၊ ဆင်ဖြူတော်အကြောင်းအပါအဝင် သမိုင်း၊ မြန်မာစာပေ၊ ဘာသာရေး ကဏ္ဍစုံအောင် ဟောပြောထားသည်ကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာအုပ်တွင် လူထုဒေါ်အမာ၊ လူထုဦးလှ၊ မင်းယုဝေတို့၏ ဆရာကြီးအကြောင်းပါရှိသည့် ဆောင်းပါးများကိုလည်း နောက်ဆက်တွဲအနေဖြင့် ထည့်သွင်းပေးထားသည်။ ဆရာကြီးသည် မန္တလေး ဆရာအတတ်သင်ကျောင်း၌ မြန်မာစာ ကထိကအဖြစ်လည်းကောင်း၊ မြန်မာ့နိုင်ငံ သမိုင်းကော်မရှင်တွင် သုတေသနအရာရှိအဖြစ်လည်းကောင်း၊ တော်လှန်ရေးကောင်စီခေတ်တွင် ယဉ်ကျေးမှုကောင်စီဝင်အဖြစ်လည်းကောင်း တာဝန်အသီးသီးထမ်းဆောင်ခဲ့သူဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|