|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်ပြီး ဂျပန်တို့ စစ်ရှုံး၍ လက်နက်ချပြီးနောက် မဟာမိတ်တို့က ထိပ်တန်း ဂျပန်စစ်ဝါဒီများနှင့် စစ်ခေါင်းဆောင်များကို စစ်ခုံးရုံးဖွဲ့၍ စစ်ဆေးအပြစ်ပေးခဲ့သည်။ ထိုစစ်ခုံရုံးများတွင် ဂျပန်စစ်ဝါဒီများ၏ လူမဆန်သော လုပ်ဆောင်ချက်များကို အထောက်အထား သက်သေများနှင့်တကွ ဖော်ထုတ်ခဲ့ပြီး အပြစ်နှင့် လျော်ညီသည့် ပြစ်ဒဏ်အသီးသီးကိုလည်း ချမှတ်ခဲ့သည်။ ယခုစာအုပ်တွင် ထိုဂျပန်စစ်ဝါဒီများ၏ ရာဇဝတ်ပြစ်မှုများဖြစ်ကြသည့် လူပေါင်းနှစ်သောင်းကျော် သတ်ဖြတ်မှု၊ စင်ကာပူတွင် တရုတ်အမျိုးသား ၃ဝဝ ခန့်အား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ နာမည်ကျော် ထိုင်း-မြန်မာနယ်စပ် သေမင်းတမန် မီးရထားလမ်းစီမံကိန်းအတွင်း စစ်သုံ့ပန်းများနှင့် မြန်မာနိုင်ငံအနှံ့မှ ပေါ်တာဆွဲထားသည့် မြန်မာတိုင်းရင်းသားများအား လူမဆန်စွာ ခိုင်းစေညှင်းပန်း နှိပ်စက်ခဲ့မှုများ၊ မဟာမိတ် စစ်သုံ့ပန်းများအား ထောင်သင်္ဘောများပေါ်တင်ကာ ပင်လယ်ခရီးတစ်လျှောက် မသေရုံကျွေးမွေး၍ တိရစ္ဆာန်များပမာ သိုလှောင်လာခဲ့ပြီး စိတ်တိုင်းမကျသည့်အခါ ရက်ရက်စက်စက် ရိုက်နှက်ကန်ကြောက်ခဲ့မှုများ၊ လူမဆန်အောင် လက်သံပြောင်ခဲ့သည့် ဂျပန် စစ်ကင်ပေတိုင်များ၏ ရာဇဝတ်မှုများ၊ စစ်အတွင်း အသားအပါအဝင် စားနပ်ရိက္ခာ ရှားပါမှုကြောင့် ဖမ်းဆီးထားသည့် မဟာမိတ်လေသူရဲကို သတ်၍ ဇာတ်တူ လူသားစားခဲ့ကြသည့် ဂျပန်စစ်ဗိုလ်များ၏ အော့နှလုံးနာဖွယ် ဖြစ်ရပ်မှန်များ (လူအသည်းကိုပါ အမြည်းအဖြစ် အသုံးပြုခဲ့ကြသည်ဟုဆိုသည်) အပါအဝင် စစ်ပွဲအတွင်း ဂျပန်တို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအကြောင်းကို တရားရုံးမြင်ကွင်းများနှင့်အတူ စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|