|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဒေါင်းဋီကာသစ်
-
-
Author(s):
သခင်ကိုယ်တော်မှိုင်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 325
- Binding: Paperback
- Publication Month Year: Mar-2020
- Size: 12 cm x 17 cm
|
- Description: မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတစ်ခန်းကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင် သမိုင်းထိုး မော်ကွန်းတင်ခဲ့သော ရှားပါးစာအုပ်ဖြစ်သည်။ ၁၉၁၉ ခုနှစ်တွင် ဖေ၊ ပု၊ ရှိန်ဟု လူသိများသည့် ဦးထွန်းရှိန်၊ ဦးဘဖေ၊ ဦးပု ၃ ယောက်ကို အင်္ဂလန်သို့ မြန်မာကိုယ်စားလှယ်များအဖြစ် စေလွှတ်ပြီး လွတ်လပ်ရေးအတွက် အရေးဆိုစေခဲ့ရာ ထိုအရေးဆိုပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ထောက်ခံရန် ဆရာကြီးက ဤဒေါင်းဋီကာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုသို့ရေးသားရာတွင် ဆရာကြီး၏ ကိုယ်ပိုင်ဟန်ဖြစ်သော စကားဖန်တစ်လှည့် တေးကဗျာတစ်လှည့် အရေးအသားမျိုးဖြင့် ရေးသားထားပြီး ကျမ်းကိုး ၁၂၉ ကျမ်းကို ကိုးကားထားသည်။ ထို့ပြင် ရာဇဝင်ပုဂ္ဂိုလ် ၁၂၉ ဦးနှင့် စာပြု စာဆိုပုဂ္ဂိုလ် ၈၆ ဦးတို့၏ အကြောင်းလည်း ထည့်သွင်းရေးသားထားခြင်းကြောင့် မြန်မာရာဇဝင်နှင့် မြန်မာစာပေအတွက် ဤစာအုပ်သည် အထူးအရေးပါ အရာရောက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဆရာကြီးကိုယ်တိုင် ရေးသားခဲ့သည့် လေးချိုး၊ ဒွေးချိုး တေးထပ် စုစုပေါင်း ၂၄ ပုဒ်ကိုလည်း ဤစာအုပ်တွင် လေ့လာနိုင်ကြမည်ဖြစ်သည်။ (ဤစာအုပ်တွင် သုံးနှုန်းထားသော ဝေါဟာရများနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းနားလည်သဘောပေါက်စေရန် ဆရာကြီးသည် ဒေါင်းဂဏ္ဌိအမည်ရှိစာအုပ်ကိုလည်း ရေးသားခဲ့သည်။) (ဤစာအုပ်ကို ကိုလိုနီခေတ်က အမျိုးသားကျောင်းများတွင် ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|