|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: “လူငယ်တွေပဲ ဖတ်ဖတ်၊ လူကြီးတွေပဲ ဖတ်ဖတ် နည်းနည်းဖတ်ပြီး ... များများ တွေးဖို့ ...”ဟုဆိုသူ မန္တလေးမှ နာမည်ကျော် ကျူရှင်ဆရာ ဦးဘုန်း(ဓာတု)၏ ရသစုံဆောင်းပါးများ စုစည်းမှုဖြစ်သည်။ အချိန်၏ အယူအဆ၊ ကိုယ်ချင်းစာမှုနှင့် မေတ္တာတရား၊ စိတ်ထားတတ်စေရန်၊ စိတ်အထားအသိုဆိုင်ရာ အတွေးစာသားများနှင့် စာရေးသူ နေ့စဉ်ထိတွေ့နေရသည့် ကျောင်းသား၊ မိဘ၊ ဆရာများနှင့် သူတို့၏ ပတ်ဝန်းကျင်ပေါ်မှာ တွေးမိတဲ့ စာစကားများကို ဖတ်ရှုကြရမည်ဖြစ်သည်။ စာအုပ်ပါဆောင်းပါးများမှ ရွှေမန္တလေးသတင်းဂျာနယ်၊ Upper Myanmarဂျာနယ်များတွင် ဦးစွာ ဖော်ပြခြင်း ခံခဲ့ရပြီးနောက် ယခုကဲ့သို့ စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။ နီးနီးဝေးဝေး၊ ဂုဏ်ပြုထိုက်သူများ၊ ငွေစောင့်နတ်၊ အဖေ့ချွေးဖိုး၊ ဖန်ခွက်နဲ့ ရေသန့်၊ ဒွေး (ခေတ္တ-လူ့ပြည်)၊ အမေ့လက်၊ လက်ရေးနှင့် သတ်ပုံ၊ အရူး၊ ဖြစ်တတ်ပါတယ်၊ ရေပွက်နဲ့ ပင်လယ်၊ တစ်ကျပ်၊ သုညငါး - ငါးသုည၊ ကော်ဖီပူပူ၊ နောက်ဆုံး ဖယောင်းတိုင်၊ သဲအိမ်၊ လူတို့သည် သစ်ပင်များ ဖြစ်ကြသည်။ ဘဝအိမ်၊ အကောင်းဆုံး အိပ်ဆေး၊ ဘောက်ဖက်နဲ့ လိပ်ပြာ၊ ဥယျာဉ်ထဲမှာ၊ လယ်စောင့်တဲလေး ခြေတံရှည်၊ ပန်းပွင့်များ အစရှိသည့် အတွေးဆောင်းပါးများ ပါရှိသည်။
|
|
|
|
|
|
|
|
|