|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ခရောင်းလမ်းကို ဖြတ်သန်းခဲ့သူများ၏ ကိုယ်တွေ့ဖွင့်ဟချက်များ
-
-
Author(s):
ကိုလင်းမာန်အောင်
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 182
- Binding: Paperback
- Publication Month Year: Jul-2010
- Size: 13 cm x 21 cm
|
- Description: ဘဝတွင် အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ရသော်လည်း ထိုအခက်အခဲများကို မလျော့သော ဇွဲလုံ့လတို့ဖြင့် ကျော်လွှားရုန်းကန်နိုင်ခဲ့သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းများကို ဘာသာပြန်ဆို ထုတ်ဝေထားခြင်းဖြစ်သည်။ ကျားငါးမန်း အကိုက်ခံရပြီးနောက် လက်တစ်ဖက်လုံးလုံး ဆုံးရှုံးခဲ့ရသူ ဟာဝိုင်ရီကျွန်းသူ ရေလွှာလျှောစီးချန်ပီယံ မိန်းမချော ဘက်သနီ၊ မုန်တိုင်း၏ အလယ်ဗဟိုချက်ကို ဖြတ်သန်းဝင်ရောက်ပြီးနောက် မြစ်ထဲသို့ အရေးပေါ်ထိုးဆင်းနိုင်ခဲ့သည့် အင်ဒိုနီးရှားလေယာဉ်မှူး၊ ကြီးမားသော ရေဘဝဲအရှင်များကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ရန် ကြိုးစားနေသူ အိုရှီယာ၊ သရဲနှင့် ပတ်သက်သော အဖြစ်အပျက်များကို ကိုယ်တိုင် သုတေသနပြုပြီး စာအုပ်ရေးသားနေသူ စာရေးဆရာမ Leslie Rule၊ အမေရိကန်နိုင်ငံ၏ ပထမဆုံး ငါးမန်းကိုက်သတ်မှု မှတ်တမ်းများ၊ အင်နာကွန်ဒါ သို့မဟုတ် ကြောက်မက်ဖွယ်ရာ တောင်အမေရိက အပူပိုင်းဒေသ စပါးကြီးမြွေ၊ အင်္ဂလန်နိုင်ငံ၏ အဆိုးရွားဆုံး မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု ဖြစ်ပွားရာနေရာ Eastbourneမြို့၏ ချောက်ကမ်းပါးသို့ သွားရောက်လေ့လာခဲ့သူ၏ ကိုယ်တွေ့မှတ်တမ်း၊ အမေရိကန်မှ ပေ ၁ဝဝဝ ကျော် နက်ရှိုင်းသည့် Grand Canyonချောက်ကမ်းပါးကို စောင့်ကြည့်၍ ကယ်ဆယ်ရေးလုပ်ငန်းများ သက်စွန့်လုပ်ဆောင်နေသူ Ken Phillips၏ အတွေ့အကြုံ၊ ဆူနာမီရေလှိုင်းကြောင့် ဘေးဒုက္ခတွေ့ခဲ့ရသူ၊ စက်ဘီးပြိုင်ပွဲအတွက် လေ့ကျင့်စဉ် ကားတိုက်ခံရပြီး ကိုယ်အောက်ပိုင်းသေသွားခဲ့ရာပြီးနောက် မလျော့သောဇွဲဖြင့် အင်္ဂလန်ရေလက်ကြားကို ရေကူးပြနိုင်ခဲ့သူ၊ ခြေနှစ်ဖက် အဖြတ်ခံခဲ့ရသော်လည်း အောင်မြင်စွာ တောင်တက်ပြနိုင်ခဲ့သူအပါအဝင် စိတ်ဝင်စားဖွယ် ဇာတ်လမ်းစုံပါရှိသည်။ စာအုပ်ပါ ဆောင်းပါးအများစုမှာ Readers Digestမှ ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|