|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မဲဇာပြန်စာဆို လက်ဝဲသုန္ဒရဘွဲ့ခံ ဦးမြတ်စံ၏ ဘဝဖြစ်စဉ်၊ စာပေဂန္ထဝင်လက်ရာများနှင့်တကွ သူ့စာပေများနှင့် ပတ်သက်၍ သုတေသနအမြင်တို့ကို သိရှိကြရမည့် စာအုပ်ဖြစ်သည်။ ခေတ်စဉ်တစ်လျှောက် မြန်မာစာပေလောကသားတို့ ကြားဖူးသိဖူးခဲ့ကြသည့် လက်ဝဲသုန္ဒရအမတ်ကြီး မဲဇာသို့ အပို့ခံရသည့် ဇာတ်လမ်းတွင် အဓိကဇာတ်ကောင်ဖြစ်သော စာဆိုဦးမြတ်စံ၏ အကြောင်းကို ရေးသားထားရာ၌ သူ၏ မိဘမျိုးရိုး၊ ဇာတိမြေ၊ ငယ်စဉ်က ပညာရှာမှီးခဲ့ပုံ၊ ဆွေစဉ်မျိုးဆက်ဇယား၊ ဦးမြတ်စံ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊ သူြုပုစုခဲ့သည့် ဝိနိစ္ဆယပကာသနီ ဓမ္မသတ် ပါဠိဂါထာကျမ်းနှင့် ဓမ္မသတ် လင်္ကာပျို့၊ တရားသူကြီး သရေသင်္ခယာ၏ သခင်မင်းစည်ဧချင်း စကားပြေ၊ တရားသူကြီး လက်ဝဲသုန္ဒရဆို မင်းကွန်းပုထိုးတော်ကြီး လူးတား၊ မော်ကွန်းကဗျာများ၊ အဲရိုးကဗျာများ၊ ရှေးရတုရိုးနှင့် တေးချင်းကဗျာများ၊ အသစ်တွေ့ ရတုများ၊ ဦးမြတ်စံကို မဲဇာသို့ ပို့သည့် မင်းနှင့် ပို့သည့် အချိန်၊ မဲဇာတွင် နေခဲ့ရသည့် အချိန်၊ မဲဇာတွင် ရှိစဉ် ရေးစပ်ခဲ့သည့် “မြတ်လေးပွင့်၍”ချီ ပိုဒ်စုံရတု၊ မဲဇာတွင် သူတည်ခဲ့သည့် စေတီ ၁၃ ဆူ၊ မဲဇာဒေသ၊ မဲဇာရွာနှင့် မဲဇာမြစ်အကြောင်း၊ စာဆို၏ ဘဝဖြစ်စဉ်နှင့် ပတ်သက်သည့် အထောက်အထား ဓာတ်ပုံများကို ပြည့်ပြည့်စုံစုံ စုစည်းတင်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|