|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- လက်ရာအစုံ နဂါးရုံ (အင်္ဂလိပ် + မြန်မာ)
-
-
Author(s):
မင်းဘူးအောင်ကြိုင်
- Type: Myanmar Books
-
Category:
ယဉ်ကျေးမှု
,
သမိုင်း
- No of Pages: 78
- Binding: Paperback
- Publication Month Year: Jan-2009
- Size: 13 cm x 19 cm
|
- Description: ပုဂံဒေသတွင် စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ဓမ္မသာအပါအဝင် သာသနိက ရှေးဟောင်းအဆောက်အအုံပေါင်း ၄ ထောင်ကျော်ရှိသည့်အနက် နဂါးရုံဘုရားဟုခေါ်တွင်သော နဂါးရုံဘုရားသုံးဆူ ရှိကြသည်။ ထိုသုံးဆူအနက် နဂါးရုံဘုရားအမှတ် ၁၁၉၂ အပယ်ရတနာဘုရား အရှေ့ဘက်ရှိ နဂါးရုံဘုရားအကြောင်းကို ရှေးဟောင်းသုတေသနမှ ဒု-ညွှန်ချုပ် မင်းဘူးအောင်ကြိုင်(အငြိမ်းစား)က ယခုစာအုပ်တွင် အသေးစိတ် သုတေသနပြု ရေးသားထားသည်။ ထိုနဂါးရုံဘုရားရှိ သစ်သားပန်းပု၊ နံရံဆေးရေးပန်းချီ၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရံ၊ စဉ့်လက်ရာနှင့် ပုဂံခေတ်မင်စာများ၊ အပြင်ခန်းမနံရံချိုင့်များရှိ ဆင်းတုများ၊ ပွင့်တော်မူပြီးခဲ့သော ဘုရားများထံမှ ဗျာဒိတ်ခံဟန် ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်များနှင့် ပတ်သက်၍ သုတေသနပြုထားပြီး ဓာတ်ပုံ၊ မြေပုံများနှင့် တကွ အသေးစိတ် လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။ စာအုပ်ပါအကြောင်းအရာများကို Taung Goeက Plastic Arts Adorning The Nagayon Templeအမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးထားရာ ၎င်းကိုပါ ထည့်သွင်း ရိုက်နှိပ်ထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု (ယဉ်ကျေးမှု ဘာသာရပ်)ကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|