|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ကပ်ဘေးနှင့် ကြုံခဲ့ရသော အာဖရိကတိုက် မာလာဝီနိုင်ငံတွင် ကျောင်းလခ မပေးနိုင်၍ ကျောင်းမှ ထွက်ခဲ့ရသော်လည်း လေရဟတ်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ခဲ့သဖြင့် ကမ္ဘာကျော်ခဲ့သူ ၁၄ နှစ်အရွယ် အာဂချာတိတ်ကလေး ဝီလျံကမ်ကွန်ဘာအကြောင်းကို သူနှင့် အေပီသတင်းထောက်ဟောင်းBryan Mealerတို့ ပူးပေါင်းရေးသားထားသည့် The Boy Who Harnessed The Windစာအုပ်ကို မှီး၍ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သူသည် ယခုအခါ အနာဂတ် အာဖရိကခေါင်းဆောင်များကို မွေးထုတ်ပေးနေသည့် ထိပ်တန်းကျောင်းဖြစ်သော တောင်အာဖရိကနိုင်ငံ African Leadership Academyတွင် ပညာသင်ကြားလျက်ရှိသည်။ သူနှင့် ပတ်သက်၍ အမေရိကန်ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးက “မာလာဝီမှာ တစ်ခုတည်းသော အပေါများဆုံး သယံဇာတဖြစ်တဲ့ လေကိုအသုံးပြုပြီး ဝီလျံကမ်ကွန်ဘာဆိုတဲ့ လူငယ်ကလေးက လေရဟတ်ဆောက်တယ်။ အဲဒီကရတဲ့ ဓာတ်အားနဲ့ သူတို့ရဲ့ တစ်လှေတည်းစီး ဓားမနောက်ပိတ်ခွေးများရဲ့ စိတ်ဓာတ်ကိုရော၊ သူ့ရဲ့ဘဝကိုပါ မြှင့်တင်ပေးခဲ့တယ်။ သူဟာ စံပြလူငယ်တစ်ယောက်ပဲ။ ကျွန်တော်တို့ တွေ့နေကျ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ သူဟာ လမ်းပြကြယ်ကလေးပဲ”ဟု ဆိုထားသည်။ သူနှင့် သူ၏ ကြိုးပမ်းအားထုတ်မှုအကြောင်း ပေါ်လွင်သည့် စာအုပ်ပါ စာမျက်နှာအချို့ကို စာမြည်းရန်တွင် ဖတ်ရှုနိုင်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|