|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်အတွင်းက သေမင်းတမန်ရထားလမ်းဟု အမည်ကျော်ကြားခဲ့သည့် ထိုင်း -မြန်မာမီးရထားလမ်းပေါ်ရှိ ကွေးမြစ်ကူးတံတား ဆောက်လုပ်ရာတွင် ဂျပန်စစ်တပ်၏ အတင်းအဓမ္မဖမ်းဆီးနှိပ်စက် ခိုင်းစေခြင်းကို ခံခဲ့ရသည့် မဟာမိတ်စစ်သားတစ်ဦးသည် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သည့် ဂျပန်စစ်သားဟောင်းတစ်ဦးကို လက်စားချေရန် အနှစ်နှစ်အလလ ရှာဖွေကြိုးစားခဲ့သော်လည်း တကယ်ရှာဖွေတွေ့ရှိချိန်တွင် ထိုဂျပန်စစ်သားဟောင်း၏ မေတ္တာကြောင့် အာဃတများ ပြေပျောက်ကာ မိတ်ဆွေရင်းများ ဖြစ်သွားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေပြုရေးသားထားခြင်းဖြစ်သည်။ (ထိုရထားလမ်းဖောက်လုပ်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ချွေးတပ်ဆွဲခံရသည့် စာရေးဆရာ လင်းယုန်သစ်လွင်သည် သူ၏ ကိုယ်တွေ့ဖြစ်ရပ်များကို “ထိုင်း မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း” အမည်ဖြင့် စာအုပ်ရေးသားခဲ့ရာ အမျိုးသားစာပေဆု ဆွတ်ခူးခဲ့သည်။) ထိုဇာတ်လမ်းအပြင် အိုင်ယာလန်ခွဲထွက်ရေးသမားများ၏ ပြင်းထန်လှသော ဗုံးကြောင့် ကိုယ်လက်အင်္ဂါ အကြီးအကျယ်ချွတ်ယွင်းသွားခဲ့သူတစ်ဦးကို မေတ္တာစစ်ဖြင့် လက်ထပ်ထိမ်းမြားခဲ့သည့် မာ့ခ်ဆိုသူ၏ သံယောဇဉ်ကို ဖော်ကျူးထားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကိုလည်း ဖတ်ရှုကြရမည်ဖြစ်သည်။ မူရင်းဆောင်းပါးအမည်များမှာ Paul Ehrlich၏ Eric Lomaxs Long Journey၊ David Moller၏ A Love Born of Hateတို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|