|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ကွန်ဖျူးရှပ် ကထာကျမ်း
-
-
Author(s):
တော်ကောင်းမင်း
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 192
- Binding: Paperback
- Publication Month Year: Mar-2011
- Size: 13 cm x 21 cm
|
- Description: အရှေ့တိုင်း၏ ထင်ရှားသော တရုတ်တွေးခေါ်ရှင် ဖြစ်သည်သာမက ပညာရေးသမားလည်းဖြစ်သော ကွန်ဖျူးရှပ်သည် “ပို့ချရာတွင် အတန်းအစား မခွဲခြား”ဟူသော သူ၏ဆောင်ပုဒ်အရ နောက်လိုက်သာဝက များစွာကို ပျိုးထောင်ပေးနိုင်ခဲ့သည်။ မှတ်တမ်းများအရ သူ့တွင် နောက်လိုက်ပေါင်း ၃ ထောင်နှင့် သာဝကပေါင်း ၇၂ ဦးရှိသည်ဟု ဆိုသည်။ သူ၏ သာဝကများသည် ကွန်ဖျူးရှပ်၏ ပညာရပ်များကို ကျွမ်းကျင်သူများဖြစ်ကြပြီး သူကွယ်လွန်သောအခါ သူ၏ အယူဝါဒများကို အဆက်ဆက် ပြန့်ပွားစေခဲ့သည်။ ဤစာအုပ်၏ မူရင်းဖြစ်သော တရုတ်ဘာသာဖြင့် ရေးထားသည့် ကထာကျမ်းသည် ကွန်ဖျူးရှပ်နှင့်တကွ သူ၏သာဝကများတို့၏ အပြုအမူ၊ အဆိုအမိန့်များကို စုစည်းထားသော ကျမ်းတစ်ဆူဖြစ်သည်။ တစ်နည်းအားဖြင့် ကွန်ဖျူးရှပ်လက်ထက်ကတည်းက သူ၏ အဆိုအမိန့်များကို သာဝကအဆက်ဆက် မှတ်သားလာခဲ့သော မှတ်တမ်းများဖြင့် မူရင်းကျမ်းကို ပြုစုခဲ့ခြင်းဖြစ်သည်။ သူ၏ အတွေးအခေါ်များသည် တရုတ်ယဉ်ကျေးမှုပေါ်တွင် များစွာလွှမ်းမိုးထားသလို သူ့အတွေးအခေါ် အဆီအနှစ်ဖြစ်သော ဤကထာကျမ်းသည်လည်း တရုတ်ရာဇဝင် အဆက်ဆက်တွင် ပညာတတ်တို့ မလေ့လာ၍ မဖြစ်သည့် ကျမ်းတစ်ဆူအဖြစ် ထင်ရှားခဲ့သည်။ စာအုပ်တွင် ပညာရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့နှင့် ပတ်သက်သည့် ကွန်ဖျူးရှပ်ဝါဒ၏ အဆီအနှစ်များကို အချက်အလက်ပုံစံဖြင့် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|