|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: နိုင်ငံရေးပုဒ်မများဖြင့် ရန်ကုန်ထောင်ကြီးတွင် စာရေးသူ ၃ နှစ်ကျော် နေခဲ့ရစဉ်အတွင်း သိကျွမ်းခဲ့ရသည့် ထောင်ကျအကျဉ်းသား ၂ ဦး၏ နောက်ခံဇာတ်ကြောင်းကို ရင်နင့်ဖွယ် ရေးသားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ မောင်ထွန်းတင်ဆိုသူ ထောင်သားတစ်ဦးအကြောင်း၌ မိခင်ကွယ်လွန်ပြီးနောက် မိထွေး၏ နှိပ်စက်ညှင်းပမ်းမှုအောက်တွင် နေခဲ့ရသည့် ၈ နှစ်အရွယ် သူသည် ဖခင်၏ ရင်ဘတ်ကို ခြေနှင့်ကန်ခြင်းခံရပြီးနောက် စိတ်ထိခိုက်ပြီး အိမ်ပေါ်မှ ဆင်းပြေးရန်ကြံစဉ် အိမ်ပေါ်မှ ပြုတ်ကျပြီး လက်ကျိုးသွားခဲ့ပုံ၊ ထိုလက်ကျိုးဒဏ်ရာနှင့်ပင် ရပ်ဝေးသို့ ထွက်ပြေးပုံ၊ အရွယ်ရောက်လာသောအခါ အချစ်ရေး, အိမ်ထောင်ရေး ကံမကောင်းခဲ့ပုံ၊ အိမ်ထောင်ကျပြီး သမီးတစ်ဦး ထွန်းကားခဲ့ပုံ၊ ရလာသော သမီး အရွယ်ရောက်လာသောအခါ သမီးကို အဓမ္မပြုကျင့်ရန်ကြံသူအား တုတ်ဖြင့် အသေရိုက်သတ်ခဲ့ရာမှ ထောင်ထဲသို့ရောက်ပြီး ထောင်ထဲတွင်ပင် လူမသိ သူမသိ ကွယ်လွန်ခဲ့ရပုံကိုလည်းကောင်း၊ နောက်တစ်ဦးအကြောင်း၌ မွေးစဉ်က ခြေလက်အင်္ဂါ အပြည့်အစုံပါသော်လည်း ဂျပန်တို့ ဗုံးကြောင့် ခြေတစ်ဖက် လက်တစ်ဖက် ဆုံးရှုံးခဲ့ရပုံ၊ ထိုဒဏ်ရာများကို ကုသစဉ် ဆေးရုံကို အင်္ဂလိပ်တို့၏ ဗုံးကြဲမှုကြောင့် နောက်ထပ် ခြေထောက်တစ်ဖက်၊ ကျန်လက်တစ်ဖက်တွင် လက်ချောင်းကလေး သုံးချောင်း ထပ်မံ ဆုံးရှုံးခဲ့ရပုံ၊ ခြေမရှိ လက်တစ်ဖက်သာကျန်ခဲ့သော သူသည် တောင်းရမ်းစားသောက်သူဘဝသို့ ဆင်းသက်ခဲ့ရပုံ၊ ထိုသို့ တောင်းရမ်းစားသောက်စဉ် တစ်နေ့၌ ဘိန်းပါသော အထုပ်ကို ခဏထားခဲ့သူတစ်ဦးကြောင့် ဘုမသိ ဘမသိ ထောင်ထဲသို့ ရောက်လာခဲ့ပုံများကို ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူက “လူ့လောကမှာ အနိမ့်ဆုံးဘဝမျိုး ရောက်နေကြတဲ့ လူနှစ်ယောက်အကြောင်းကို ဒီစာအုပ်မှာ ဖတ်ရှုပါလိမ့်မယ်”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|