|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဆရာမကြီးဒေါ်ခင်မျိုးချစ်သည် သူ ခါးသီးစွာဖြတ်သန်းခဲ့ရသော ဂျပန်ခေတ်အကြောင်းကို ဒုတိယကမ္ဘာစစ်ပြီးပြီးချင်း၌ “Three Years under the Japs” စာအုပ်ဖြင့် မှတ်တမ်းတင်ရေးသားခဲ့သည်။ ထိုစာအုပ်၌ ဆရာမကြီးသည် ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်၌ မည်မျှအထိ ဆိုးသွမ်းယုတ်မာမှုများ ကျူးလွန်သွားသည်ကို သူပိုင်နိုင်ကျွမ်းကျင်သော အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာကို တင်ပြခဲ့ရာ အရေးသားရော အကြောင်းအရာပါ ကောင်းမွန်မှုကြောင့် လူသိများခဲ့သည်။ အာဇာနည်ခေါင်းဆောင် ဒီးဒုတ်ဦးဘချိုက ထိုစာအုပ်သည် သာမန် မြန်မာလူမျိုးတစ်ဦး၏ ခံစားချက်များကို ရောင်ပြန်ဟပ်စေသလို တစ်ဖက်တွင်လည်း သမိုင်းသုတေသနများအတွက် ဂျပန်ခေတ် သုံးနှစ်တာအတွင်း မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာ သဲလွန်စများကို ရရှိနိုင်ပါသည်ဟု အမှာစာတွင် ညွှန်းဆိုထားသည်။ ယခုစာအုပ်မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားချက်ကို ဆရာမကြီး၏ မြေးဖြစ်သူ ဂျူနီယာဝင်းက သူမ၏ ဘာသာပြန်ဆိုချက်နှင့် တွဲဖက်၍ အင်္ဂလိပ် + မြန်မာ ၂ ဘာသာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|