|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဗိုလ်ချုပ်တို့ခေတ်က နာမည်ကျော် သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးပုကလေး ရေးသားခဲ့သည့် “သခင်နုအရေးတော်ပုံ”စာအုပ်ကို နာမည်ပြောင်းကာ ပြန်လည်ထုတ်ဝေထားခြင်းဖြစ်သည်။ နိုင်ငံရေး၊ ဘာသာရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဘဝတစ်လျှောက် အကောင်းရော အဆိုးပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရသည့် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ဘဝ တစ်စိတ်တစ်ဒေသကို စာရေးသူက သတင်းသမားပီသစွာ စာအုပ်တွင် ရှုထောင့်စုံမှ မှတ်တမ်းတင်ရေးသားထားသည်။ မာတိကာနှင့် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု၏ စာအုပ်အမှာစာကို ဖော်ပြလိုက်ပါသည်။ ဦးပုကလေးက “သခင်နုသည်ကား တရားမျှတမှုကို လိုလား၏။ ဇွဲကောင်း၏။ သူရသတ္တိရှိ၏။ လုံ့လဝီရိယကြီး၏။ သည်းခံမှု ခမာဂုဏ်နှင့် ပြည့်စုံ၏။ သစ္စာ သမာဓိရှိ၏။ ဓုတ္တသုံးပါး လော်လည်မှုမှ ကင်း၏။ ရတနာသုံးပါး၌ မွေ့လျော်၏။”ဟု အမှာစာတွင် ဆိုထားသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တွင်လည်းကောင်း၊ လွတ်လပ်ရေး ရပြီးခေတ် နိုင်ငံရေးဖြစ်စဉ်များတွင်လည်းကောင်း အဓိကနေရာမှ နေရာယူခဲ့သူတစ်ဦးအကြောင်းနှင့် ထိုခေတ်ထိုအခါ နိုင်ငံရေးလောက၏ အတွင်းရေး၊ လွတ်လပ်ရေးရပြီး ရောင်စုံသူပုန်ခေတ် စစ်ရေး၊ နိုင်ငံရေးအကြောင်းတို့ကို ဤစာအုပ်မှတဆင့် အသေးစိတ် သိရှိကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|