|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- နီတိကြေးမုံ စာရဂုံ
-
-
Author(s):
ရွှေကန်သား (ပခုက္ကူ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 175
- Binding: Paperback
- Publication Month Year: Aug-2011
- Size: 13 cm x 20 cm
|
- Description: ကြီးပွားတိုးတက်ခြင်းသို့ ပို့ဆောင်သော လမ်းညွှန်ဖော်ပြတတ်သော ကျမ်းဟု အဓိပ္ပာယ်ရသော နီတိကျမ်းများသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ သိသင့်သိထိုက် တတ်သင့် တတ်ထိုက်သော ပညာရပ်တစ်ခုပင် ဖြစ်သည်။ လူမျိုးအသီးသီး၌ ထင်ရှားသည့် နီတိကျမ်းများ ရှိကြရာ ဒဏ္ဍနီတိ၊ သုက္ကနီတိ၊ ကာမဏ္ဍနီတိ၊ စာဏကျနီတိ၊ ပဉ္စတန္ဒြနီတိ၊ ဟိတောပဒေသနီတိ၊ လောကနီတိ၊ မဟာရဟနီတိ၊ ပဏ္ဍိတလင်္ကာရနီတိ၊ ရာဇနီတိ၊ နီတိကျမ်းကျော် ဒွေးနှစ်ဖော်တို့မှာ ထင်ရှားကြသည်။ ယခုစာအုပ်တွင် စာရေးသူ လေ့လာဖတ်ရှုခဲ့သော သြဝါဒထူးပျို့၊ ဓမ္မနီတိ၊ ကဝိလက္ခဏသတ်ပုံ၊ နာဒရပျို့၊ ဓမ္မပဒ၊ မဃဒေဝ၊ ဆုတောင်ခန်းပျို့၊ ဂါထာခြောက်ဆယ်ပျို့၊ ကိုးခန်းပျို့၊ သံဝရပျို့၊ ဦးပုညမေတ္တာစာ၊ ရွှေဟင်္သာမင်းပျို့၊ ဝေဿန္တရာပျို့၊ ရှင်ဥတ္တမကျော်တောလား၊ နဝဒေးရတုပေါင်းချုပ်၊ စန္ဒကိန္နရီပျို့၊ သြဝါဒထူးပျို့တို့မှ ကောင်းနိုးရာရာများကို တူရာခေါင်းစဉ်အလိုက် စုစည်းကာ ထုတ်နုတ်ဖော်ပြပေးထားသည်။ အချိန်၊ အမျက်၊ ကရုဏာ၊ ကဆုန်၊ စာပေ၊ စည်းကမ်း၊ မုဒိတာ၊ မာန၊ မိတ်ဆွေ၊ မေတ္တာ၊ သမာဓိ၊ သီလ၊ လောဘအပါအဝင် ခေါင်းစဉ်ပေါင်း ၆၅ ခုခွဲကာ ဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|