|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဗုဒ္ဓအဘိဓမ္မာ (စေတသိက်များ အဖွင့်) (အတွဲ ၃) (မိတ္တူ)
-
-
Author(s):
ဓမ္မာစရိယဦးအေးနိုင် (ဘီအေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 278
- Binding: Paperback
- Size: 15 cm x 21 cm
|
- Description: သုတ်, ဝိနည်း, အဘိဓမ္မာဟူသော ပိဋကတ် ၃ ပုံတွင် အဘိဓမ္မာတရားတော်တို့၏ ထူးခြားချက်မှာ ဝိနည်းအဆုံးအမတရားတော်များကဲ့သို့ လွန်ကျူးထားသည့် အပြစ်အားလျော်စွာ ဆုံးမပညတ်ထားသည့် အဆုံးအမမျိုးလည်း မဟုတ်၊ သုတ္တန်အဆုံးအမတရားတော်ကဲ့သို့ သတ္တဝါတို့၏ ဝါသနာစရိုက်အားလျော်စွာ ဆုံးမလမ်းညွှန် သွန်သင်ထားသော တရားနာသူနှင့် လျော်သည့် အဆုံးအမမျိုးလည်းမဟုတ်ဘဲ ခန္ဓာ ၅ ပါး ရုပ် နာမ်ဓမ္မအစု၌ ငါဟူသော မာနစွဲ၊ ငါဟူသော တဏှာစွဲ၊ အတ္တရှိ၏ဟူသော ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲနိုင်၍ ရုပ်နာမ် နှစ်ဝ သဘောဝဓမ္မတို့၏ သဘာဝဖြစ်စဉ်ကို သိမြင်နိုင်စေရန် သဘာဝတရားအားလျော်စွာ ဆုံးမတော်မူသည့် သဘာဝတရား အဆုံးအမများပင် ဖြစ်ကြသည်။ ယခုစာအုပ်တွင် အဘိဓမ္မာပိဋက၌ လာရှိသည့် လောဘ၊ ဒေါသ၊ မောဟတရားများကို ကျမ်းပြုစုသူ ဓမ္မာစရိယဦးအေးနိုင်က ထူးခြားသော အစီအစဉ်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုပေးထားသည်။ အဆိုပါ စေတသိက်တစ်ခုချင်းစီကို ရှင်းလင်းဖွင့်ဆိုရာ၌ စေတသိက်တို့၏ နာမည်အဘယ်ကြောင့် ရပုံ၊ စေတသိက်၏ ဆောင်ရွက်ချက် (ရသ)၊ စေတသိက်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား (ပစ္စုပဋ္ဌာန်)၊ စေတသိက်၏ အနီးဆုံးအကြောင်းတရား (ပဒဋ္ဌာန်)တို့ကို နားလည်လွယ်အောင် ဥပမာ၊ ဥပမေယျတို့ဖြင့် တန်ဆာဆင်ရေးသားထားသည်ကို တွေ့ရသည်။ (မှတ်ချက်။ ။ ဤစာအုပ်သည် အသစ် ပြန်လည်ထုတ်ဝေသော စာအုပ်မဟုတ်ဘဲ ယခင်ရိုက်နှိပ်ခဲ့သော အကြိမ်များမှ ရှားပါးလက်ကျန်စာအုပ်များကို ရှာဖွေ၍ မိတ္တူကူး ရောင်းချခြင်းဖြစ်ပါသည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|