|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဆီးချို သွေးချို ရောဂါသည် ဖြစ်ပြီးရင် အမြစ်ပြတ်ပျောက်ကင်းသွားသည်ဆိုသည်မှာ မရှိပေ။ ဝေဒနာရှင်များအတွက် သီးသန့် စပယ်ရှယ် ဓာတ်စာ (Diabetic Diet)ဆိုသည်မှာလည်း မရှိသေးပေ။ ဝေဒနာရှင်များသည် အများသူငါ စားသုံးနေကျ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကိုပဲ ပမာဏ၊ အချိုးအဆ၊ စားသုံးပုံ စားသုံးနည်း၊ အစာစားသုံးချိန် စသည်ဖြင့် မှန်ကန်အောင် စာသုံးရန်မှာ အရေးကြီးလှသည်။ ဆီးချိုသွေးချို ဝေဒနာရှင်များကို အုပ်စုများခွဲထားရာ၌ ယခုစာအုပ်တွင် အင်ဆူလင်ဟော်မုန်း မဖြစ်မနေ ထိုးဖို့ မလိုသေးသည့် အမျိုးအစား (၂) ဝေဒနာရှင်များအတွက် ရည်ရွယ်၍ မှန်ကန်သော အစားအစာရွေးချယ်နည်းနှင့် မည်၍မည်မျှ ပမာဏ စားသုံးရသင့်သည်ကို အသေးစိတ် ရေးသားရှင်းလင်းထားသည်။ အစားအစာတစ်ခုချင်းစီတွင်ပါဝင်သော သကြား၊ ဂလူးကိုစ်၊ ဆူးခရို့စ်အချိုးအဆများ၊ စားသုံးသင့်သည့် အဆီနှင့် ပရိုတင်းအမျိုးအစားနှင့် ပမာဏ၊ စားသုံးသည့် အစားအစာမှ ကယ်လိုရီရရှိမှု၊ ဝေဒနာရှင်များ ကိုယ်အလေးချိန် ထိန်းသိမ်းပုံ၊ ကိုယ်လက်လှုပ်ရှား ကစားခြင်း၏ အရေးပါပုံ၊ ဖြည့်စွက်အဟာရများအကြောင်း၊ သကြားတုနှင့် အခြား သကြားအစားထိုးပစ္စည်းများအကြောင်း အစရှိသည်တို့ကို အချက်အလက်များနှင့်တကွ ပြည့်ပြည့်စုံစုံ ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|