|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အိုးဝေမှ - အပါတ်စဉ် ကါတွန်းများနှင့် ဥဒေတယံ - နေ့စဉ်ကါတွန်းများ
-
-
Author(s):
ကာတွန်းဦးဖေသိန်း
- Type: Myanmar Books
-
Category:
ရုပ်ပြ / ကာတွန်း
- No of Pages: 78
- Binding: Paperback
- Publication Month Year: Dec-2011
- Size: 19 cm x 12 cm
|
- Description: “ကာတွန်းတစ်ခုသည် စုတ်ချက်အနည်းငယ်ကလေးနှင့်ပင် စာလုံးရေ တစ်သောင်းရေးသားထားသည်ထက် အဓိပ္ပာယ်ကျယ်ဝန်းလှသည်”ဟု အနောက်တိုင်းကာတွန်းဆရာကြီးများက ဆိုထားရာ သတင်းစာများ၌ ပါရှိသော ကာတွန်းများသည် သတင်းစာ၏ ခေါင်းကြီးပိုင်းနှင့် အတူတူပင်ဖြစ်သည်။ စာရေးသူ ကာတွန်းဦးဖေသိန်းသည် ၁၉၅၇ ခုနှစ် “ကြေးမုံ”သတင်းစာ ထုတ်ဝေကတည်းကပင် အဆိုပါသတင်းစာ၌ “ကြေးမုံ နီတိ”အမည်ဖြင့် “သတင်းကာတွန်း”များကို ပြောင်မြောက်စွာ ရေးဆွဲခဲ့သည်။ ကြေးမုံသတင်းစာကို ဗိုလ်ချုပ်နေဝင်းက ချိတ်ပိတ်လိုက်သောအခါ စာရေးသူသည် “ပြည်သူ့အိုးဝေ”သတင်းစာသို့ ရောက်ရှိခဲ့ပြီး “ဥဒေတယံ”အမည်ဖြင့် ဆက်လက်ရေးဆွဲခဲ့သည်။ စာရေးသူသည် ကာတွန်းပညာကို မြတ်နိုးသလို ထိုထက်ပို၍ ဒီမိုကရေစီကိုလည်း မြတ်နိုးသူဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ထိုအခါက နိုင်ငံရေး လောကသားများ၏ ကမောက်ကမများ၊ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အပြောတစ်မျိုး အလုပ်တစ်မျိုး လှုပ်ရှားစည်းရုံးနေမှုများကို ထိုသတင်းစာများမှနေ၍ တစ်မျက်နှာ ရုပ်ပြောင်ကာတွန်းများ ရေးဆွဲဖော်ပြခဲ့သည်။ ယခုစာအုပ်သည် ထိုနိုင်ငံရေး သရော် ရုပ်ပြောင်ကာတွန်းများကို စုစည်း၍ ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်နှင့် ပတ်သက်၍ သူ၏ လုပ်ဖော်ကိုင်ဖက် ဟံသာဝတီ ဦးဝင်းတင် (NLD)၏ အမှာစာရေးသားချက်နှင့် နမူနာ ကာတွန်းတစ်ကွက်ကို ဖော်ပြလိုက်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|