|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဝိပါက်တော်ဆယ့်နှစ်ပါး
-
-
Author(s):
ပန်းချီကံကောင်း
- Type: Myanmar Books
-
Category:
ရုပ်ပြ / ကာတွန်း
- No of Pages: 199
- Binding: Paperback
- Publication Month Year: Feb-2022
- Size: 19 cm x 25 cm
|
- Description: “သူတစ်ပါးကို မကောင်းကြံက ကိုယ်ပြန်ခံရသည်” ၊ ဝဋ်လိုက်တယ်ဆိုတာ ဘာလဲ၊ ဝဋ်ဆိုတာ တကယ်ခံရသလား၊ ဝဋ်မခံရအောင် ဘယ်လိုလုပ်မလဲ၊ ဝဋ်ကြွေးဆိုတာ ပေးဆပ်ရပုံများကို ကလေးငယ်များ သိလွယ် မှတ်လွယ်စေရန် ရုပ်ပြဇာတ်လမ်း ရေးဆွဲထားခြင်းဖြစ်သည်။ ထိုသို့ ရေးဆွဲထားရာ၌ ဝဋ်ကြွေးရှိက ဘုရားသော်မှ မလွန်ဆန်သာဘဲ ဆပ်ရပုံကို သိသာစေရန် ဝိပါတ်တော် ၁၂ ပါးအတွက် ဇာတ်လမ်း ၁၂ ပုဒ်နှင့် အခြား ဓမ္မပဒကျမ်းလာ ဝဋ်ကြွေးဆိုင်ရာ ဇာတ်တော်များကို ထည့်သွင်းဖော်ပြထားသည်။ ဒုက္ကရစရိယာ ၆ နှစ်ကြာ ကျင့်ရခြင်းအကြောင်း၊ စိဉ္စမာဏမိန်းမယုတ်၏ စွပ်စွဲပြောဆိုခံရခြင်းအကြောင်း၊ သုန္ဒရီမိန်းမယုတ်၏ စွပ်စွဲပြောဆိုခံရခြင်းအကြောင်း၊ သုန္ဒရီမိန်းမယုတ်ကို သတ်မှုနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုခံရခြင်းအကြောင်း၊ ဒေဝဒတ် ကျောက်မောင်းဆင် ထုချေမှုကြောင့် ခြေမတော်၌ ကျောက်လွှာထိခံရခြင်းအကြောင်း၊ ထိုဒဏ်ရာကြောင့် နာကျင်ကိုက်ခံရခြင်းအကြောင်း၊ နာဠာဂီရိဆင်ဖြင့် အတိုက်ခံရခြင်းအကြောင်း၊ ခြေမတော် ဓားဖြင့် ခွဲခံရခြင်းအကြောင်း၊ ခေါင်းတော် ကိုက်ခဲရခြင်းအကြောင်း၊ မုယောဆန် ဘုဉ်းပေးတော်မူရခြင်းအကြောင်း၊ ခါးတော်ကိုက်ခဲမှု ဝေဒနာကို ခံစားရခြင်းအကြောင်းရင်းတို့၏ အကြောင်းရင်းခံ ယခင်ဘဝများမှ အကုသိုလ်ဇာတ်လမ်းများကို သတိသံဝေဂရဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|