|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: စာရေးသူဆရာတော်၏ တရား ၂ ပုဒ်ဖြစ်သော “အမှောင်ကျချိန် ... မီးမှိတ်ချိန်”နှင့် “ငါးလား၊ လူလား၊ သတိထား”တရားတော်တို့ကို ပေါင်းစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ “အမှောင်ကျချိန် ... မီးမှိတ်ချိန်” တရားတော်တွင် လူသားတစ်ယောက်၏ ဘဝကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ သတ်မှတ်နိုင်ပုံ၊ ပထမအရွယ်ဆိုသည်မှာ မနက်ပိုင်းနှင့်တူပြီး မိဘအရိပ်ခို၍ ပညာသင်ချိန်ကို ဆိုလိုပုံ၊ ဒုတိယအရွယ်ဆိုသည်မှာ မွန်းတည့်ချိန်နှင့်တူပြီး မိမိတတ်သည် ပညာဖြင့် သားရေး၊ သမီးရေး၊ မိသားစုရေး လုပ်ကိုင်ကျွေးမွေးချိန် တစ်နည်းမားဖြင့် အပူအပြင်းဆုံးအချိန်ဖြစ်ပုံ၊ တတိယအရွယ်ဆိုသည်မှာ မီးစာကုန်၊ ဆီခန်းတဲ့အချိန်ဖြစ်သည့် ဘဝနေဝင်ချိန်ဖြစ်ပြီး ထိုအရွယ်ရောက်သည့်အချိန်တိုင်တောင်မှ ဒါန သီလ ဘာဝနာ ကုသိုလ်ကောင်းမှု တစ်ခုမှ မပါသွားပါက အမှောင်ခန်းကြီးထဲ ဝင်သွားရသည်နှင့်တူပြီး ရင်လေးဖို့ကောင်းပုံ၊ ဘဝနေဝင်ချိန်မရောက်ခင် တရားဆီမီးတိုင် ညှိထွန်းထားသင့်ပုံများကို ဥပမေယျများဖြင့် ဟောကြားထားသည်။ “ငါးလား၊ လူလား၊ သတိထား”တွင် ငါးရစ်ထချိန်၌ ငါးများသည် ပင်လယ်ရေနှင့်အတူ ဆန်တက်လာတတ်ကြပုံ၊ သူတို့သည် တစ်ကောင်ချင်းဖြစ်စေ၊ အုပ်စုနှင့် ဖြစ်စေ ပျော်ပွဲဆင်နေကြသော်လည်း နောက်ဆုံးတွင် တံငါသည်မုဆိုး၏ ကွန်ချက်ကိုမိပြီး သေဆုံးသွားကြပုံ၊ ထိုဖြစ်စဉ်ကို လောကလူသားများနှင့် ပမာပြု၍ လူသားများသည် ကာမဂုဏ်တရားနောက်များကိုသာ လိုက်နေပါက ပြိတ္တာဟုခေါ်သည့် တံငါသည်မုဆိုး၏ ဖမ်းဆီးခြင်းကိုခံရတဲ့ ငါးနှင့်တူသည့် လူသားနှင့်တူပုံကို သင့်တော်ရာ ဇာတ်တော်များနှင့်အတူ သိုက်သိုက်ဝန်းဝန်းဟောကြားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|