|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: တစ်ခေတ်တွင် တစ်ယောက်ဆိုသလို ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ထူးဖြစ်သည့် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဘဝဖြစ်စဉ် ထေရုပ္ပတ္တိစာအုပ်ဖြစ်သည်။ ဆရာတော်ကြီး မွေးဖွားသန့်စင်လာချိန်မှ စတင်ကာ တစ်ဘဝတာတစ်လျှောက် သာသာနာ့အကျိုး၊ လူသားတို့ ကောင်းကျိုးကို မနေမနား ဆောင်ရွက်ခဲ့ပုံများ၊ ငယ်စဉ်က ဆရာကောင်းများနှင့် တွေ့ဆုံပညာယူခဲ့ပုံများ၊ စာပေပဋိယတ္တိသာမက အကျင့် သီလ ပဋိပတ္တိဘက်တွင်လည်း ကျင့်ကြံအားထုတ်ခဲ့ပုံ၊ စစ်ကိုင်တောင်ရိုးရှိ ချောင်များတွင် ရေရရှိရန် အခက်အခဲမျိုးစုံကြားမှ ကြိုးစားဆောင်ရွက်ခဲ့ပုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ထူထောင်ခဲ့ပုံ၊ နိုင်ငံရပ်ခြား သာသနာပြုခရီးများ အကြိမ်ကြိမ် ကြွရောက်ခဲ့ပုံ၊ မြန်မာတွင်သာမက ကမ္ဘာအနေဖြင့်ပါ အမြင်ကျယ်၍ နိုင်ငံရပ်ခြားသို့ သာသနာပြု ရဟန်းတော်များ စေလွှတ်ပညာသင်ယူစေကာ သာသနာပြုခဲ့ပုံ၊ သာသနာပြုလုပ်ငန်းများကို ဆရာ၊ ဒကာ လက်တွဲညီညီဖြင့် ဆောင်ရွက်အောင်မြင်ခဲ့ပုံ၊ ဘဝတွင် အခက်အခဲတွေ့နေသူများ၊ ဒုက္ခရောက်နေသူများကို ကယ်တင်ခဲ့ပုံများကို ဓာတ်ပုံများနှင့်တကွ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|