|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- တရုတ်တို့၏ စီးပွားရေးအသုံးချ တာအိုလမ်းစဉ်တော်
-
-
Author(s):
ဝင်းသိန်းဦး
- Type: Myanmar Books
-
Category:
စီမံခန့်ခွဲမှု
- No of Pages: 329
- Binding: Paperback
- Publication Month Year: Jun-2012
- Size: 13 cm x 21 cm
|
- Description: George T.Haley, Usha C.V.Haley နှင့် Chin Tiong Tanတို့ ပူးတွဲရေးသားသည့် The Chinese TAO of Businessစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မျက်မှောက်ခေတ် ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားကြီး နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့် တရုတ်ပြည်၏ စီးပွားရေး စီမံခန့်ခွဲမှု နည်းစနစ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ တစ်ခုမှာ အနောက်ကမ္ဘာရှိ အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးများမှ ထိပ်ထိပ်ကြဲ မန်နေဂျာတို့ ကျင့်သုံးခဲ့သည့် စီးပွားရေး စီမံခန့်ခွဲမှု မဟာဗျူဟာများနှင့် တရုတ်မန်နေဂျာတို့၏ စီးပွားရေး စီမံခန့်ခွဲမှု မဟာဗျူဟာတို့၏ နှိုင်းယှဉ်ချက်ဖြစ်သည်။ ထိုနှိုင်းယှဉ်ချက်နှင့်တကွ တရုတ်တို့၏ အောင်မြင်မှုတွင် တရုတ်တို့ မိရိုးဖလာ အစဉ်အဆက် ခံယူကျင့်သုံးခဲ့သော “တာအိုလမ်းစဉ်တော်”၏ သြဇာသက်ရောက်မှုကို ဤစာအုပ်တွင် လေ့လာကြရမည်ဖြစ်သည်။ ၎င်းအပြင် တရုတ်တို့၏ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေးအမြင်များ၊ တရုတ်တို့ ထားရှိသည့် တန်ဖိုးစံနှုန်းများနှင့် သမိုင်းအစဉ်အလာများကိုလည်းကောင်း၊ တာအိုလမ်းစဉ်တော်လာ အဆုံးအမများက တရုတ်တို့ကို ကာလ၊ ဒေသ၊ အခြေအနေ၊ အချိန်အခါနှင့် လျော်ညီစွာ အောင်မြင်တိုးတက်လာစေရန် လမ်းညွှန်ပံ့ပိုးခဲ့ပုံများကိုလည်းကောင်း၊ တာအိုလမ်းစဉ်နှင့် အနောက်တိုင်း စီမံခန့်ခွဲမှုပညာရပ်များကို အလိုက်သင့် ပေါင်းစပ်ကာ သဟဇာတဖြစ်အောင် ကျင့်သုံးခြင်းဖြင့် တရုတ်တို့ အောင်မြင်မှု ရရှိခဲ့ပုံများကို ရှုထောင့်စုံမှ ဝေဖန်သုံးသပ် ဆန်းစစ်ရေးသားထားသည်။ မူရင်းစာအုပ် ပြုစုသူများမှာ အမေရိကန် တက္ကဆတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားသူ George T.Haley၊ ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့ထားပြီး စင်ကာပူ စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွင် ကျောင်းအုပ်တာဝန် ထမ်းဆောင်နေသူ Chin Tiong Tan၊ နယူးယောက်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားပြီး နယူးဟေးဗင်းတက္ကသိုလ်တွင် စီမံခန့်ခွဲမှုပညာ ပါမောက္ခ လုပ်နေသူUsha C.V.Haleyတို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|