|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- မြန်မာ - တရုတ်ချစ်ကြည်ရေး သမိုင်းမော်ကွန်း ဘဘ စစ်ဆင်ရေး
-
-
Author(s):
မေမြို့ချစ်ဆွေ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 210
- Binding: Paperback
- Publication Month Year: Sep-2012
- Size: 13 cm x 21 cm
|
- Description: မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရှေးမြန်မာမင်းလက်ထက်ကတည်းက နှစ်ပြည်ထောင် ရှေးရိုးစဉ်လာ နယ်နိမိတ် သတ်မှတ်ချက်ရှိခဲ့သော်လည်း မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ပြီး ၁၉ ရာစုနှောင်းပိုင်းကာလက ယူနန်နယ်အတွင်းသို့ စီးပွားရေးနယ်ပယ် ချဲ့ထွင်လိုသည့် ဗြိတိသျှတို့ ပယောဂကြောင့် တရုတ်နှင့် ဗြိတိသျှတို့အကြား နယ်နိမိတ်မျဉ်းကြောင်းများနှင့် ပတ်သက်၍ မကြာခဏ အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူတို့၏ ကျူးကျော်မှုကို ခံနေရချိန်၊ တစ်ချိန်တည်းမှပင် တရုတ်ကွန်မြူနစ်ပါတီ၏ ထောက်ခံအားပေးမှုကို ရရှိထားသော ဗကပတို့ အင်အားကြီးမားချိန်က တရုတ်အစိုးရတပ်များသည် ယူနန်နယ်စပ်တွင် ခိုအောင်လျက်ရှိသော တရုတ်ဖြူ ကူမင်တန်တပ်များကို လိုက်လံတိုက်ခိုက်ချေမှုန်းရင်း “ဝ”နယ်သို့ ကျူးကျော်ဝင်ရောက် တပ်စွဲခဲ့ကြသည်။ တရုတ်တို့သည် မြစ်ကြီးနားမြောက်ဘက် မိုင် ၅ဝ ခန့်မှစ၍ မြန်မာမြောက်ဘက်တစ်ပိုင်းလုံးကို သူတို့၏ ပိုင်နက်ဟု တစ်ဖက်သတ် သတ်မှတ်ခဲ့ကြရာ ထိုစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးနုက အပြင်းအထန် ကန့်ကွက်ခဲ့ရသည်။ ထိုသို့ ဗြိတိသျှလက်ထက်ကတည်းက မပြတ်မသား မပြေမလည်ရှိခဲ့သော တရုတ် - မြန်မာ နယ်နိမိတ်ပြဿနာကို အချိန်မီ မရှင်းလင်းနိုင်ပါက လွတ်လပ်သော မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တိုက်ရိုက်ထိပါးလာတော့မည့် ပြဿနာကို မြင်နေသော ဦးနုသည် တရုတ်ခေါင်းဆောင်များဖြစ်သည့် မော်စီတုံး၊ ချူတေး၊ လျူရှောက်ချီ၊ ချူအင်လိုင်းစသည့် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းခဲ့ရာ ရလဒ်အဖြစ် ၁၉၆ဝ ခုနှစ်၊ ဇူလိုင်လတွင် “Operation Burma Boundary” ခေါ် “ဘဘစစ်ဆင်ရေး” ပေါ်ပေါက်လာခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း နှစ်နိုင်ငံ နယ်နိမိတ် မသတ်မှတ်ရသေးသော မျဉ်းကြောင်းတစ်လျှောက် နယ်နိမိတ်တိုင်းတာခြင်း၊ နယ်နိမိတ်ပိုင်းခြားသည့် ကျောက်တိုင်များ သတ်မှတ် စိုက်ထူခြင်းများကို တပ်မတော်သားများနှင့် မြေတိုင်းပညာရှင်များ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့သည်။ စစ်ဆင်ရေးအတွင်း စစ်သည်တော်နှင့် မြေတိုင်းအဖွဲ့ဝင် ၅ ထောင်ကျော်၊ အရပ်သား ၆ ထောင်ကျော် ပါဝင်ခဲ့ပြီး စစ်ဆင်ရေးတစ်လျှောက်တွင် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရာရှိ ၂ ယောက်အပါအဝင် တပ်မတော်သား ၈ ဦး ကျဆုံးခဲ့သည်။ စစ်ဆင်ရေးသည် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး နယ်နိမိတ်မှတ်တိုင် အရေးအတွက်ပေါင်း ၄ဝ၂ တိုင်ကို စိုက်ထူနိုင်ခဲ့သည်။ ယခုစာအုပ်တွင် မြန်မာ - တရုတ်နယ်ခြားပြဿနာ၏ သမိုင်းကြောင်း၊ ဦးနုလက်ထက် မြန်မာနှင့် တရုတ်တို့ ချုပ်ဆိုခဲ့သည့် “အခြေပြစာချုပ်”၊ တရုတ်ဖြူ အရေးအခင်း၊ ဘဘ စစ်ဆင်ရေးလုပ်ဆောင်စဉ် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများကို သမိုင်းဝင် ရှားပါး ဓာတ်ပုံများနှင့်အတူ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|