|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၂၀၁၂ ရခိုင်အရေး)
-
-
Author(s):
ငြိမ်းအေးအိမ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 100
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 13 cm x 21 cm
|
- Description: ရှေးနှစ်ပေါင်းများစွာကတည်းက ရခိုင်မြေပေါ်တွင် အမြစ်တွယ်ဖို့ ကြိုးစားခဲ့သော မွတ်ဆလင် ဘင်္ဂါလီတို့၏ သမိုင်းကြောင်း၊ သူတို့ကိုယ်သူတို့ ရခိုင်တိုင်းရင်းသား မွတ်ဆလင်များဟု ပုံဖျက်ပြောဆိုနေခြင်းသည် မည်သို့မှားယွင်းပုံ၊ ဘင်္ဂါလီများ မြန်မာနိုင်ငံကို မည်သို့မည်ပုံ ရောက်ရှိလာပုံ၊ ရှေးရခိုင်မင်းများကို မွတ်ဆလင်ဘာသာဝင်များအဖြစ် အတင်းပုံဖော်၍ ရခိုင်ဒေသသားများအဖြစ် ခံယူရန် ကြိုးစားခဲ့ပုံ၊ ကိုလိုနီခေတ်က အင်္ဂလိပ်တို့၏ ပယောဂကြောင့် ရခိုင်ဒေသ၌ ဘင်္ဂါလီလူဦးရေ များပြားလာပုံ၊ လွတ်လပ်ရေးရပြီးနောက် ဦးနုလက်ထက်တွင် ဖဆပလ မဲရရှိရေးအတွက် ဘင်္ဂါလီများကို မဲပေးခွင့်ရအောင် စီစဉ်ပေးခဲ့ပုံ၊ ဘင်္ဂါလီတို့သည် ရခိုင်မြေကို မွတ်ဆလင်နယ်မြေအဖြစ် သိမ်းပိုက်၍ ဘင်္ဂလားဒေ့ရှ်၏ အစိတ်အပိုင်းအဖြစ် သွပ်သွင်းရန် ခေတ်အဆက်ဆက် ကြိုးစားခဲ့ပုံ၊ ၎င်းတို့၏ မူဂျာဟစ်အဖွဲ့သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်မြေများကို မြန်မာနိုင်ငံမှ ခွဲထုတ်ပြီး ပါကစ္စတန်နှင့် ပူးပေါင်းရန် ရည်ရွယ်၍ ထကြွဆူပူခဲ့ပုံ၊ မြန်မာနိုင်ငံအတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်လာနေသည့် လက်ရှိ အခြေအနေ၊ ၂ဝ၁၂ ခုနှစ် ရခိုင် အဓိကရုဏ်းသည် ရခိုင်တိုင်းရင်းသူ မသီတာထွေးကိစ္စမှ အစပြုသည်ဆိုသော်လည်း ၎င်း၏ နောက်ကွယ်မှ အကြောင်းခြင်းရာများသည် များစွာ နက်ရှိုင်းရှုပ်ထွေးပုံ၊ OIC အပါအဝင် ပြည်ပကွန်ရက်တို့၏ ခြေရာလက်ရာများ ဖုံးမနိုင် ဖိမရ ပေါ်လွင်နေပုံ၊ ရခိုင်အရေးအခင်းတွင် ပါဝင်ခဲ့ကြသည့် ဘင်္ဂါလီများအကြောင်းအပါအဝင် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူတိုင်း သိရှိထားသင့်သည့် ရခိုင်အရေး အကြောင်းအရာများကို အထောက်အထားပြည့်ပြည့်စုံစုံဖြင့် ရေးသားတင်ပြထားသည်။ စာရေးသူက “ ... ဤစာအုပ်သည် ရခိုင်တိုင်းရင်းသားတို့၏ ပခုံးအပေါ် နှလုံးသားအပေါ် နှစ်ပေါင်းများစွာ လေးလံပိကျနေသည့် ဖိအားများကို ရတတ်သရွေ့ စုစည်းဖော်ပြခြင်းတာဝန်ကို ထမ်းဆောင်ထားခြင်းသာဖြစ်သည်။ ရခိုင်တိုင်းရင်းသားတို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော “စိတ်အနာ”၊ “သမိုင်းအနာ”၊ “ဘဝအနာ” တစ်ချို့တစ်ဝက်ကို ဖော်ပြထားခြင်းသာဖြစ်သည်။ ... ”ဟု အမှာစာ၌ ဆိုထားသည်
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|