|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၉၃ ခုနှစ်၌ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခြင်းခံခဲ့ရသူ၊ အကျဉ်းကျနေစဉ်အတွင်း စာပေနှင့် လူ့အခွင့်အရေးဆုများ ချီးမြှင့်ခြင်း ခံခဲ့ရသူ စာရေးသူက သူ၏ နိုင်ငံရေးလုပ်ခဲ့စဉ်က အတွေ့အကြုံများ၊ NLD ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည့် အတွေ့အကြုံများ၊ ထောက်လှမ်းရေးများ၏ စစ်ကြောရေးကို ခံခဲ့ရစဉ်က အတွေ့အကြုံများ၊ အမှုရင်ဆိုင်ခဲ့ရစဉ်က အတွေ့အကြုံများ၊ ထောင်တွင်း အကျဉ်းကျခဲ့စဉ်က အတွေ့အကြုံများကို စာမျက်နှာပေါင်း ၄ဝဝ နီးပါးဖြင့် အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ NLDမှ သတင်းစာဆရာကြီး ဦးဝင်းတင်က စာအုပ်အမှာစာရေးပေးထားရာ၌ “ ... မသီတာစာအုပ်က စာပေကလောင်နဲ့ရေးတယ်။ ဝေဒနာကို ရေးတာ။ စေတနာကို ရေးတာ။ “ထောင်ဆိုတာ စိတ်ခံယူချက်ရှင့်” လို့ပြောပြတာ၊ “ထောင်ဆိုတာ ရုပ်ခံစားချက်ရှင့်”လို့ ပြောပြတာ။ ရသပြည့်လျှံတယ်။ ခံစားချက် ဗောင်းလံတယ်။ ... ” ဟုဆိုကာ သူ၏ ဘဝနှင့် အရေးအသားအပေါ် မှတ်ချက်ပြုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|