|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်
-
-
Author(s):
ဦးသုဝေ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 304
- Binding: Paperback
- Publication Month Year: Nov-2012
- Size: 13 cm x 21 cm
|
- Description: ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဦးနေဝင်းသည် ဖဆပလအဖွဲ့မှ လူကြီးများနှင့် တက်ကြွစွာ လှုပ်ရှားသူများကို အထူးအရာရှိဟူသော ရာထူးပေးကာ တဖက်လှည့်ဖြင့် သိမ်းသွင်းခဲ့သည်။ သို့သော် ဖဆပလအဖွဲ့မှ လူအချို့သည် ရာထူးကိုလက်မခံဘဲ တော်လှန်ရေးဆင်နွှဲရန်အတွက် ပြည်ပသို့ ထွက်ခွာ၍ အဆက်အသွယ်ရှာခဲ့ရာ စာရေးသူသည်လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ သူသည် တော်လှန်ရေးအစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် ထိုင်းနိုင်ငံသို့ အောက်လမ်းမှ ထွက်ခွာခဲ့သည်။ ဗန်ကောက်ရှိစဉ် သူသည် ဦးနု၊ ဗိုလ်လကျ်ာတို့နှင့် ပေါင်းစည်းမိပြီး စစ်အစိုးရဆန့်ကျင်ရေးအတွက် KNU, မွန်ပြည်သစ်ပါတီ အစရှိသည် တောတွင်း လက်နက်ကိုင်အဖွဲ့များနှင့်အတူ လုပ်ကိုင်ခဲ့ကြသည်။ သို့သော် အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုနှင့် မညီညွတ်မှုကြောင့် နောက်ဆုံးတွင် ဗိုလ်လကျ်ာသည် KNUတို့၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသလို ဦးနုသည်လည်း ရန်ကုန်သို့ ပြန်တော်ပြန်ဝင်ခဲ့ရသည်။ ယခုစာအုပ်သည် သူရန်ကုန်မှ ထွက်ခွာချိန်မှ စတင်ကာ ဗန်ကောက်သို့ ရောက်ရှိခဲ့ပုံ၊ အသံလွှင့်ဌာနတွင် လုပ်ကိုင်ခဲ့ပုံ၊ သူ၏ ဆရာရင်း ဦးနုနှင့် အတူလက်တွဲခဲ့ပုံ၊ ဦးနုအပါအဝင် အဖွဲ့အစည်းအတွင်း သဘောထား ကွဲခဲ့ကြပုံများနှင့် နောက်ဆုံးတွင် သူ့ဆရာနှင့်အတူ ရန်ကုန်သို့ ပြန်ရောက်လာခဲ့ပုံများကို အသေးစိတ် ဖွင့်ချ မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|