|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကမ္ဘာ့လူပြက်ကြီးဟု တစ်မျိုး၊ ခေတ်သစ် “ဟစ်တလာ”ဟူ၍ တစ်နည်း၊ အရူး အပေါကြီးဟူ၍ တစ်သွယ်၊ သားသတ်သမားကြီးဟူ၍ တစ်ဖုံ မျိုးစုံအောင် ကင်ပွန်းတပ်ခြင်း ခံခဲ့ရသော၊ ၁၉၇ဝ ပြည့်လွန် ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် ဟိုးဟိုးကျော်ခဲ့သော ယူဂန္ဓာ စစ်အာဏာရှင် ရာသက်ပန် သမ္မတ ဗိုလ်ချုပ်ကြီး အီဒီ အာမင် ဒါဒါ၏ နိုင်ငံရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သည်။ မြန်မာပြည်ရောက် ဗြိတိသျှ ကိုလိုနီတပ်သား စားဖိုမှူးဘဝမှသည် ယူဂန္ဓာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဘဝသို့ တက်လှမ်းခဲ့သူ၊ ထိုမှသည် ယူဂန္ဓာ၏ ရာသက်ပန် သမ္မတကြီးအဖြစ် ဖြတ်သန်းခဲ့ရသော သူ့ဘဝအထွေထွေ၊ သူလျှောက်လှမ်းခဲ့ရသော ခရီးကြမ်း အသွယ်သွယ်၊ ကြုံတွေ့ခဲ့ရသော ပြဿနာအဖုံဖုံ၊ ခပ်ပေါပေါ ခပ်သောသော ပြောဆို ပြုမူချက်များနှင့်အတူ အကြမ်းတမ်းဆုံး၊ အရမ်းဆုံး သွေးချောင်းစီး ဖိနှိပ်အုပ်ချုပ်ခဲ့သည့် လူထူးလူဆန်း၊ လူကြမ်းလူရမ်းကြီး၏ အဓမ္မကြီးစိုးသော ယူဂန္ဓာနိုင်ငံ၏ ခေတ်ဆိုးကြီး ရုပ်ပုံလွှာကိုပါ ဤစာအုပ်မှတဆင့် တစ်ပါတည်း သိရှိကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|