|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နယ်ချဲ့ခေတ် ဇာတ်မင်းသားကြီးများ ဖြစ်ကြသော ဓာတ်ပြား တက္ကသိုလ်ရွှေကျီးညို၊ နယူးဝမ်းစိန်၊ ပဋိက္ခရားမင်းသား ပသီစိန်၊ ဇာတ်စာရေးဆရာ မင်းသားကြီး ဦးရေဒီယိုစိန်တို့နှင့်တကွ စစ်ပြီးကာလ လွတ်လပ်ရေးရပြီးခေတ်တွင် ကျော်ကြားခဲ့ကြသော မေဓာဝီမင်းသား၊ အောင်လံတော် ခင်စိန်၊ အကမင်းသား တက်ခေတ်စိန်၊ ဓားမင်းသား ဗန္ဓုလကျော်စိန်၊ ဘိုကေသန်းစိန်၊ မွန်ကျော်မြင့်၊ စိန်အောင်လွင်၊ လှည်းကူးမင်းသား စိန်ကျော်ရွှေနှင့် ပန်တျာကြည်လင် အစရှိသည့် ဇာတ်သဘင်ပညာရှင်များ နာမည်တစ်လုံးရဖို့အရေး မည်သို့လှုပ်ရှားခဲ့ကြရပုံများကို အများစုမသိသေးသော အကြောင်းအရာ အချက်အလက်များနှင့်အတူ ဤစာအုပ်တွင် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ ထို့အတူ ကနေတုန်း ဘဝဆုံးခဲ့ရရှာသူ ရွှေမန်းတင်မောင်၊ အောင်လံတော် ခင်စိန်နှင့် ပြဇာတ်မင်းသား တက္ကသိုလ်စိုးမြင့်တို့၏ တစ်ညတာ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ၊ မြန်မာ့ယဉ်ကျေးမှု သုခုမသဘင်ကို လွန်စွာမြတ်နိုးခဲ့သည့် သြစတြေးလျနိုင်ငံသားတစ်ဦး၊ တစ်ခေတ်တစ်ခါက နာမည်ကြီးသဘင်ပညာရှင်တို့၏ အတက်အကျနှင့် သံဝေဂရဖွယ် ဖြစ်ရပ်များတို့ကိုပါ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေတင်ပြထားသည့်အတွက် မြန်မာ့ယဉ်ကျေးမှုဇာတ်သဘင်ကို လေ့လာလိုက်စားသူများအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ကိုးကားစရာ စာအုပ်တစ်အုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|