|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မျိုးချစ်စိတ် ပြင်းပြသော်လည်း လူမျိုးကြီးစိတ် မရှိသူ၊ မိဘချို့တဲ့၍ ဘဝတစ်လျှောက်တွင် စကောလားရှစ် ပညာသင်ဆုများဖြင့် ကိုလိုနီခေတ်တွင် ပညာသင်ခဲ့သူ ဖြစ်သော်လည်း တိုင်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ့စနစ်ကို ကိုယ်ကျိုးမငဲ့ဘဲ ပါဝင်ခဲ့သူ၊ မဟုတ်မခံစိတ်ရှိပြီး ဖြောင့်မတ်၍ အမှန်တရားဘက်မှ ရပ်တည်လေ့ရှိသူ၊ ဖဆပလခေတ် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ၊ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း၏ စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းခဲ့ရာ နောက်နေ့တွင် ထွက်စာတင်၍ တာဝန်မှ နှုတ်ထွက်ခဲ့သူ၊ ၈၈ အရေးအခင်းပြီးနောက်ပိုင်း NLD ပါတီနှင့် ဆက်နွယ်မှုဖြင့် နဝတ စစ်အစိုးရ၏ မျက်မုန်းကျိုးခြင်းကို ခံရကာ ဖမ်းဆီးစစ်ဆေးခြင်း ခံရသူ၊ ထိုသို့ စစ်ကြောရေးစခန်းတွင် ဖမ်းဆီးခြင်း, ခြိမ်းခြောက်ခြင်း ခံရသော်လည်း အမှန်တရားနှင့် ပတ်သက်လာလျှင် သူခံယူချက်ကို ထောက်လှမ်းရေးများအား မချွင်းမချန် ပြောကြားရဲခဲ့သူ ဆရာကြီး ဒေါက်တာသာလှက သူဖြတ်သန်းခဲ့ရသည့်ဘဝလမ်းခရီးမှ အမှတ်ရစရာများ၊ အလှည့်အပြောင်း ဖြစ်ခဲ့သည်များ၊ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံများကို ဤစာအုပ်တွင် အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|