|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကမ္ဘာ့ YMCA မှ ဦးဆောင်ပြုလုပ်ခဲ့သော Waste Recycling နှင့် Resource Conservation Workwhopကို ဂရိနိုင်ငံတွင် ကျင်းပခဲ့ရာ ၎င်းပွဲသို့ မြန်မာနိုင်ငံ YMCA အသင်းကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့သူ စာရေးသူက သင်တန်းတွင် စွန့်ပစ်စက္ကူမှ လက်ဖြင့် စက္ကူပြုလုပ်နည်းကို သင်ခန်းစာတစ်ရပ်အနေဖြင့် လက်တွေ့သင်ကြားခဲ့ရသည်။ ယခုစာအုပ်သည် ထိုသင်တန်းပို့ချချက် အတွေ့အကြုံများ၊ Papermaking စာအုပ်များပါ အကြောင်းအရာများကို ပေါင်းစပ်ကာ ရေးသားပြုစုထားခြင်း ဖြစ်သည်။ စက္ကူဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ သစ်ပိုင်းသစ်စမှ စက္ကူဖြစ်ပေါ်လာပုံ၊ ရှမ်းစက္ကူ သို့မဟုတ် မှိုင်းခံစက္ကူနှင့် ရွှေပွားစက္ကူပြုလုပ်ပုံ၊ လက်ဖြင့်စက္ကူ ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်၊ စက္ကူပြုလုပ်ရာတွင် လိုအပ်သည့်အရာများ၊ ကြက်သွန်နီခွံစက္ကူ၊ ပြောင်းဖူးခွံစက္ကူ၊ ကောက်ရိုးစက္ကူများကို Handmade စက္ကူများမှတဆင့် ပြုလုပ်ပုံ၊ Handmade စက္ကူအတွင်း ပန်းခြောက်ပန်းခက်များ မြှုပ်နှံပုံ၊ Handmade စက္ကူနှင့် နှုတ်ခွန်းဆက်ပို့စကဒ်ပြုလုပ်ပုံ၊ ခါလ်(ဂျ်) Collage ပုံဒီဇိုင်း၊ ပူဖောင်းပေါ်မှ စက္ကူပန်းအိုးပုံသွင်းနည်း၊ Handmade စက္ကူနှင့် ပြုလုပ်နိုင်သော ပစ္စည်းနမူနာပုံစံများကို မှတ်တမ်းတင်ဓာတ်ပုံများနှင့်တကွ ရှင်းလင်းရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|