|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ၁၉၄၂ ခုနှစ် မင်္ဂလာဒုံရှိ ဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် ဂျပန်စစ်ပညာသင်ကျောင်းသို့ တက်ရောက်ခဲ့သူ၊ လွတ်လပ်ရေးရပြီးခေတ်တွင် ဗိုလ်သင်တန်း ကျောင်းအုပ်၊ လန်ဒန်စစ်သံမှူး၊ တပ်မဟာမှူး၊ တပ်မင်း (တပ်မဟာမှူး) အစရှိသည့် အဆင့်မြင့် စစ်ဘက်ရာထူးကြီးများကို တာဝန်ယူခဲ့သူ၊ ၁၉၆၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တည်မြဲတို့ဘက်သို့ ဘက်လိုက်သည်ဟုဆိုကာ ရာထူးမှ အနားပေးခြင်း ခံခဲ့ရသူ ဗိုလ်မှူးကြီး (ဟောင်း) တင်မောင် (ကလောင်အမည် မြတ်ထန်)က သူ၏ ဘဝဖြစ်စဉ်ကို ကိုယ်ရေးအတ္ထုပ္ပတ္တိအဖြစ် ရေးသားတင်ပြထားခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့သူတစ်ဦး၏ ဘဝအတွေ့အကြုံများ၊ စစ်ရေးအတွေ့အကြုံများ၊ တစ်ချိန်က ဖြစ်ပျက်ခဲ့သော တိုင်းပြည်အရေးအခင်းများ၊ မင်းရေးကြွယ်လှသည့် နိုင်ငံရေး သမုဒ္ဒရာတွင် စစ်သားတစ်ဦးမျှသာဖြစ်သော တပ်မှူးတစ်ယောက် မည်သို့ ကူးခတ်ခဲ့ရပုံများကို စာအုပ်မှတဆင့် အသေးစိတ် သိရှိကြရမည် ဖြစ်သည်။ စာရေးသူကလည်း “ ... ကျွန်တော့်ကိုယ်ကို ပြန်လည်သုံးသပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစာအုပ်ကို ကိုယ်ရေးအတ္ထုပ္ပတ္တိအနေဖြင့် ဖတ်လိုက ဖတ်ပါ။ ထိုကာလ၏ မှတ်တမ်းတစ်ခုအနေဖြင့် ဖတ်လိုက ဖတ်ပါ၊ သို့မဟုတ် ဝတ္ထုတစ်ပုဒ်အနေဖြင့် ဖတ်လိုကဖတ်ပါ။ ... ”ဟု အမှာစာတွင် ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|